အာဖဂန်နစ္စတန်
နိုင်ငံမှာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး များကိုစုပုံပြီး ဖျက်ဆီးခဲ့ကြောင်း သိရပါသည်။
ဘိန်းစိမ်း၊ ဘိန်းမျိုးစေ့များနှင့် ဓါတုဆေးဝါး များအပြင်ဘိန်းဖြူ ထုတ်လုပ်ရာမှာ သုံးစွဲသည့်
အရာများကိုပါ ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပါသည်။ ပမာဏအရတော့ တန်(၂၀)အထိရှိပြီး ကာဘူးလ်မြို့အနီး
ဝန်းကျင်ကနေ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့များမှ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါသည်။ အာဖဂန်အနေနှင့်
ဘိန်းထုတ်လုပ်မှုမှာ ကမ္ဘာ့အမြင့်ဆုံး ဖြစ်ပြီး(၂၀၁၃)မှာ ပိုမိုမြင့်မား ခဲ့ပါသည်။
No comments:
Post a Comment