Thursday, October 30, 2014

အိန္ဒိယနိုင်ငံရှိ သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ အမြင်အာရုံချို့ယွင်းနေသူများအတွက် အသံပိုင်းဆိုင်ရာ ကိရိယာတစ်ခု တီထွင်

အိန္ဒိယနိုင်ငံ နယူးဒေလီရှိ အိန္ဒိယ နည်းပညာ တက္ကသိုလ်မှ သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ဟာ အမြင်အာရုံ ချို့ယွင်းနေသူ များအတွက် လမ်းလျောက်ရာမှာ ပိတ်ဆို့ ဟန့်တားနိုင်သည့် အတားအဆီး များကို ထောက်လှမ်းရာမှာ အထောက်အကူ ပြုနိုင်မည့် လူတို့နား ထောင်နိုင်သည့် ပိုမိုကျယ်လောင် စူးရှသည့် အသံပိုင်းဆိုင်ရာ ကိရိယာတစ်ခုကို တီထွင်ထုတ်လုပ် ခဲ့ပါသည်။ ၄င်းကိရိယာကို စမတ်ကိန်း စမတ်ကြိမ်လုံးလို့ အမည်ပေးထားပြီး အသံလှိုင်းများကို ထုတ်လွှတ်ပေးခြင်း လက်ခံပေးခြင်း အားဖြင့် ဒူးခေါင်းကနေ ဦးခေါင်းအထက်နှင့် (၃)မီတာကျော် အကွာအဝေးရှိဘ အရာဝတ္ထုများကို ထောက်လှမ်းနိုင်မှာ ဖြစ်ပါသည်။ အကယ်၍ အရာဝတ္ထု တစ်စုံတစ်ရာကို ထောက်လှမ်း တွေ့ရှိခဲ့ပါက၄င်း၏ တည်နေရာကို သိရှိနိုင်ဘို့ ခေါက်နိုင်ကွေးနိုင်သည့် အဖြူရောင် စမတ် ကြိမ်တုတ်လေးက အသံထက်မြန်သည့် လှိုင်းများဖြင့် ထောက်လှမ်း တုန်ခါမှု ရရှိမှုကို မတူညီသည့် ပုံစံမျိုးစုံနှင့် တုန့်ပြန်မှာ ဖြစ်ပါသည်။ ၄င်းစမတ်ကိန်းဟာ ဒုတိယအကြိမ် တီထွင်ထုတ်လုပ်မှု ဖြစ်ပြီး ပထမဆုံး အကြိမ်အဖြစ် (၂၀၁၁)ခုနှစ်က (အာထရာကိန်း)ကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါသည်။ ဒါပေမဲ့ ၄င်းအာထရာ ကိန်း၏ လက်လီဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ (၁၀ဝ၀) အထက်မှာ ရှိသည့်အတွက် (ဒဘလျူအိတ်ခ်ျအို)၏ မှတ်တမ်းစာရင်းအရ ဖွံ့ဖြိုးဆဲ နိုင်ငံများမှာရှိသည့် သန်းပေါင်း (၂၈၅)သန်းသော မျက်စိအာရုံ ချို့ယွင်းသူ များအတွက် လက်လှမ်းမမှီနိုင်သည့် ဈေးနှုန်းဖြစ်ပါသည်။ (၂၀၁၁) သန်းခေါင်စာရင်း အချက်အလက်အရ အိန္ဒိယနိုင်ငံ တစ်နိုင်ငံ တည်းမှာပင် မျက်မမြင် (၁၂)သန်း နီးပါးရှိပါတယ် လို့ သိရပါသည်။ မျက်မမြင် (၁၅၀)ကျော်ကို စမ်းသပ်ပြီး တီထွင်ထုတ်လုပ် ထားသည့် စမတ်ကြိမ်တုတ် ကိုတော့ ဒေါ်လာ(၅၀) ရူပီ(၃၀ဝ၀)နှင့် လက်လီ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။


No comments:

Post a Comment