Thursday, October 30, 2014

ပိုလန်- ယူကရိန်း နယ်စပ်အနီးရှိ ကာပါသီယမ် မြင်းပုလေးများ

ပိုလန်- ယူကရိန်း နယ်စပ်အနီး ကာပါသီယမ် တောင်များ၏ ကျောက်စောင်များ ပေါများသည့် မညီညာသည့် တောင်ခြေမှာ မွေးမြူရေး သမားများနှင့် သိပ္ပံပညာ ရှင်များဟာ ပိုလန်လို ဟူကားလ်လို့ခေါ်သည့် ကာပါသီယမ် မြင်းပုလေးများကို မျိုးသုန်းခြင်းမှ ကာကွယ်ရန် ကြိုးစားနေကြောင်း သိရပါသည်။ ၄င်းမြင်းပုများဟာ ချက်နိုင်ငံမှ ယူကရိန်း အနောက်တောင်ပိုင်းကို ဖြတ်သန်းပြီး ရိုမေးနီးယားသို့ ရောက်ရှိကာ ကာပါသီယမ် စားကျက်မြေမှာ တစ်ကြိမ်သာ ခက်ခက်ခဲခဲ သားပေါက်ခဲ့ပေမဲ့ အခုနောက်ပိုင်းမှာ မျိုးသုန်းပျောက်ကွယ်မဲ့ အန္တရာယ်နှင့် ရင်ဆိုင်ရလျက် ရှိပါသည်။ လွန်ခဲ့သည့်နှစ် (၄၀)ခန့်က ပိုလန်မှာ ဟူကားလ်မြင်းမ (၁၀ဝ)ခန့်သာရှိပေမဲ့ အခုအခါမှာတော့ (၁၅၀ဝ) နီးပါးအထိ ရှိလာပြီ ဖြစ်ကြောင်း မွေးမြူရေးသမား တစ်ဦးက ပြောပါသည်။ ၄င်းတို့ဟာ အစာအနည်းငယ်နှင့် ကျေနပ်ကြပြီး အထူးဂရုစိုက်စရာ မလိုကြောင်း ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေတတ်ကြကြောင်း တနေ့ကို ကီလိုမီတာေ ပါင်းများစွာ သွားနိုင်ပြီး နေ့ပေါင်းများစွာ ခရီးနှင်နိုင်ကြောင်း သိရပါသည်။ ဟူကားလ်ဟာ အခုအခါမှာတော့ နိုင်ငံခြား ခရီးသွားများကို ဆွဲဆောင်လျက်ရှိပြီး ၄င်းမွေးမြူ ရေးအတွက် ဥရောပ သမဂ္ဂမှ ယူရိုတစ်သောင်းခွဲခန့် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။


No comments:

Post a Comment