Wednesday, October 29, 2014

၂၀၁၈ ကမ္ဘာ့ဖလားပွဲကြီးကို ရုရှားမြို့ပေါင်း(၁၁)မြို့ရှိ ကွင်းပေါင်း(၁၂)ကွင်းမှာ ကျင်းပသွားမှာမည်




ရုရှားနိုင်ငံအနေနှင့် (၂၀၁၈) ကမ္ဘာ့ဖလား ကျင်းပဖို့ ပြင်ဆင်မှုတွေကို အချိန်မှီအချိန်ကိုက်ပြီးစီးရန် အကောင်းဆုံးကြိုးစားရမှာ ဖြစ်ကြောင်း သမ္မတ ဗလာဒီမီယာ-ပူတင်က ပြောကြားလိုက်ပါသည်။ ယူကရိန်းအရေးကိစ္စနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများက ရုရှားမှာကမ္ဘာ့ဖလားမကျင်းပဘဲ ပယ်ဖျက်ဖို့ တောင်းဆိုခဲ့ကြပေမယ့် ဖီဖာဥက္ကဌ၏ ထောက်ခံမှုကိုတော့ ရုရှားအနေနှင့် ရရှိခဲ့ပါသည်။ (၂၀၁၈) ကမ္ဘာ့ဖလားပွဲကြီးကို ရုရှားမြို့ပေါင်း(၁၁)မြို့ရှိ ကွင်းပေါင်း(၁၂)ကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ဒီအတွက် ပေါင်ငွေ(၉.၆)ဘီလီယံ ကုန်ကျမှာ ဖြစ်ပါသည်။ ဘောလုံးပြိုင်ပွဲကို ဘာကိစ္စရှိရှိ သပိတ်မှောက်တာမျိုး နိုင်ငံရေးနဲ့ ရောထွေးတာမျိုးတော့ လက်မခံကြောင်း ဖီဖာဥက္ကဌ-ဆပ်ပလတ္တာက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment