အမေရိကန်ပြည်ထောင်စု၊
ကယ်လီဖိုးနီးယား ပြည်နယ်တောင်ပိုင်း လော့စ်အိန်ဂျလိစ်၏ ဘဲလ်ဂါးဒန်းစ်မြို့တော်ဝန် အသက်(၄၅)နှစ်အရွယ်
ဒန်နီရယ်ခရက်စ်ပိုကို ၄င်း၏ဇနီးက အိမ်တွင်းရေး အငြင်းပွါးမှုတစ်ခုကြောင့် ပြီးခဲ့သည့်
(၃၀-၉-၁၄) ရက်နေ့ သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အတွက် ၄င်းကိုဖမ်းဆီးထားကြောင်း ခရိုင်တရားရုံးဝန်ကြီးဌာန၏
ပြောကြားချက်အရ သိရပါသည်။ ၄င်းကိစ္စရပ်နှင့် ပတ်သက်ပြီး ချက်ခြင်းတရားစွဲဆိုမှု မရှိသေးကြောင်း
ခရိုင်တရားသူကြီးရုံက ပြောကြားခဲ့ပြီး ဒီပစ်ခတ်မှုမှာ ခရက်စ်ပို၏ အလုပ်တာဝန်၊ ဒါမှမဟုတ်
မြို့တော်နှင့်သက်ဆိုင်မှု မရှိကြောင်း မြို့တော်ဆိုင်ရာ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပြီး
မြို့တော်ဝန်၏ ဇနီးကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း
သိရပါသည်။ ၄င်းမြို့တော်ဝန်ဟာ (၂၀ဝ၁)ခုနှစ်က ဘဲလ်ဂါးဒန်းစ်၏ မြို့တော်ကောင်စီမှာ ရွေးကောက်ခံခဲ့ရခြင်းဖြစ်ပြီး
၎င်းမြို့သည် လော့စ်အိန်ဂျလိစ်၏ အရှေ့တောင်ဘက် (၁၀)မိုင်ခန့် အကွာမှာ တည်ရှိပြီး လူဦးရေ(၄၃၀ဝ)ရှိကြောင်း
သိရှိရပါသည်။
No comments:
Post a Comment