Wednesday, October 29, 2014

ဟယ်ရီပေါ်တာ စာအုပ်တွဲများမှ မှော်ခန်းကို ဖန်တီးထားသည့် လန်ဒန်မြို့ရှိ ဟိုတယ်

လန်ဒန်မြို့ ပမ်လီကိုရှိ ဂျော်ဂျီယန်-ဟောက်စ် ဟိုတယ်ခန်းများမှာ ဟယ်ရီပေါ်တာ စာအုပ်တွဲများ၏ အတွင်းမှ ဇာတ်ဝင်ခန်းမှာ ပါဝင်သည့် အခန်းပုံစံများဖြင့် ဖန်တီးထားပြီး ဧည့်သည်များကို မှော်ဝင်သည့် ညတစ်ညအဖြစ် ဖြတ်သန်းနိုင်စေရန် စီစဉ်ထားကြောင်း သိရပါသည်။ အိပ်ခန်း(၂)ခန်းပါဝင်သည့် မှော်ခန်းလို့ အမည်ပေးထားသည့် အခန်းမှာ ဆေးရည်ပုလင်းများ၊ ဖယောင်းတိုင်များနှင့် ဟယ်ရီပေါ်တာ၏ အသင်းဖြစ်သည့် ဂရင်းဖင်းဒေါ် အထိမ်းအမှတ် အိပ်ရာအနီရောင်နှင့် ကူရှင်တို့ပါဝင်ပါသည်။ ယင်းဟိုတယ်မှာပဲ မာဂဲများ၏မြို့တော်နှင့် ဟယ်ရီပေါ်တာ ဘက်စ်ကားဖြင့် အပျော်ခရီးစသည့် အထိမ်းအမှတ်နေရာများလဲ ဖန်းတီးထားကြောင်း သိရပါသည်။ ယင်းဟိုတယ်က အခန်းဝန်ဆောင်မှု့ကို ပုံစံနှစ်မျိုးနှင့် ဝန်ဆောင်မှုပေးထားပြီး တစ်ညတာတည်းခိုပြီး မနက်စာစားသောက်နိုင်မှု ပါဝင်သည့် အခန်းတစ်ခန်းကို အမေရိကန်ဒေါ်လာ (၄၀၂)ဒေါ်လာ ကျသင့်မှာဖြစ်ကြောင်း သိရပါသည်။ ယင်းအစီအစဉ်ကို စတင်မိတ်ဆက်ကာ ဝက်ဘ်ဆိုဒ်မှာ လွှင့်တင်ချိန်ကစပြီး ပထမရက်မှာပင် အမှာစာ(၄)ထောင်ကျော် လက်ခံရရှိခဲ့ကြောင်း သိ၇ှိရပါသည်။


No comments:

Post a Comment