Wednesday, October 29, 2014

အကြိမ်(၂၀)မြောက် ပဲရစ် ချောကလက်ပြပွဲ

ပြင်သစ်နိုင်ငံပဲရစ်မြို့မှာ ဖွင့်လှစ်ကျင်းပလျှက်ရှိသည့် အကြိမ်(၂၀)မြောက် ပဲရစ် ချောကလက်ပြပွဲမှာ ကမ္ဘာတစ်ဝန်းမှ စီးပွားရေးလုပ်ငန်းရှင်များက ချောကလက်ကို အခြေခံထုတ်လုပ်ထားသည့် ၄င်းတို့၏ ထုတ်ကုန်အသစ်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရပါသည်။ ပြခန်းကို စတင်ဖွင့်လှစ်ချိန်မှစပြီး လူအများအကြား ရေပန်းအစားဆုံးဖြစ်စေရန် မျှော်လင့်ထားပြီး အခုနှစ်ပွဲတော်ကို ကလေးများ အားလပ်ရက်အတွင်း ကျင်းပခြင်းဖြစ်သလို နာမည်ကျော်ကြားသူများပါ ပါဝင်ကာ အထူးကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ချောကလက်ဖက်ရှင်ပြပွဲဟာ ပါရီဆလွန်းဂျူ ချောကလက်ပြပွဲ စတင်ပြုလုပ်စဉ်ကတည်းက အစိတ်အပိုင်းတစ်ခုဖြစ် ပါဝင်ခဲ့ပြီး အောက်တိုဘာလ(၂၉)ရက်နေ့ကပြပွဲမှာ ၄င်းကို အဓိကပြသခဲ့ပါသည်။ အခုနှစ်ပြပွဲမှာ ပြပွဲ၏သမိုင်းကြောင်းဆိုင်ရာ ပစ္စည်းအချို့ကို ပြန်ပြောင်းတွေ့မြင်ရမှာဖြစ်သလို ပစ္စည်းသစ်များကိုလည်း ခင်းကျင်းပြသထားပါသည်။ ချောကလက်ဖြင့် ဖန်တီးပြုလုပ်ထားသည့် ပုံစံအမျိုးမျိုးသော အင်္ကျီ(၆၀)ခန့်ကိုလည်း မော်လ်ဒန်အမျိုးသား အမျိုးသမီးများက ဝတ်ဆင်ပြသခဲ့ပါသည်။ စတုရန်းမီတာ (၂)သောင်းကျယ်ဝန်းသည့် အခန်းအတွင်း ပြခန်းပေါင်း (၅၀ဝ)ကျော်ခင်းကျင်း ပြသထားပါသည်။ အခုပြပွဲကို ပဲရစ်မှာ (၁၉၉၄)ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပြီး ပုံမှန်ကျင်းပလာခဲ့ရာ ခရီးသွား(၆.၄)သန်းကျော် လာရောက်လေ့ရှိပါသည်။ အခုပြပွဲကို ပြည်သူများသို့ ဒီကနေ့မှာ စတင်ဖွင့်လှစ်ပြသသွားမှာဖြစ်ပြီး နိုဝင်ဘာလ(၂)ရက်နေ့ထိ ပြသသွားမှာဖြစ်ကြောင်း သိရှိရပါသည်။


No comments:

Post a Comment