Thursday, October 30, 2014

ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ(နေပြည်တော်)မှ အသိပေးကြေငြာချက် ထုတ်ပြန်

နေပြည်တော်တွင် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများ ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် နိုင်ငံခြားသားဧည့်သည်တော်ကြီးများနှင့် ကိုယ်စားလှယ်တော်များ ရောက်ရှိတည်းခိုရာ ဟိုတယ်ဇုံလမ်းကြောင်းတွင် လုံခြုံရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ခရီးသည်တင်ယာဉ်ကြီးများ၊ မြို့တွင်း လိုက်ထရယာဉ်များနှင့် မြေသယ်ယာဉ်၊ လုပ်ငန်းသုံးယာဉ်များအား (၁-၁၁-၂၀၁၄) ရက်နေ့မှ (၁၄-၁၁-၂၀၁၄)ရက်နေ့ထိ "သပြေကုန်းအ၀ိုင်းမှ ကံ့ကော်ပန်းအ၀ိုင်းနေရာထိ၊ ရွှေကြာပင်မီးပွိုင့်မှ တုံဂပူရိမီးပွိုင့်နေရာအထိ" ခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ(နေပြည်တော်)မှ အသိပေးကြေငြာချက် ထုတ်ပြန်ထားပါသည်။


No comments:

Post a Comment