Thursday, October 30, 2014

ဩစတြေးလျနိုင်ငံတွင် လူငယ်များကို ကြိုတင်ကာကွယ်တားဆီးရန် ရည်ရွယ်သည့် ဥပဒေများထုတ်ပြန်

ဩစတြေးလျနိုင်ငံသည် အီရတ်နှင့် ဆီးရီးယား နိုင်ငံများ ကဲ့သို့သောပြည်ပ ပဋိပက္ခများမှာ စစ်သွေးကြွ အုပ်စုများနှင့် ပူးပေါင်းပါဝင် တိုက်ခိုက်ရန် သွားရောက်နိုင်သည့် လူငယ်များကို ကြိုတင်ကာကွယ် တားဆီးရန် ရည်ရွယ်သည့် ဥပဒေများကို ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ ပြီးခဲ့သည့်လက အမေရိကန် နိုင်ငံကလည်း စစ်သွေြးွက များနှင့်အတူ တိုက်ခိုက်ရန် နိုင်ငံရပ်ခြားသို့ သွားရောက်မဲ့ ၄င်းတို့၏ နိုင်ငံသား များအတွက် ပြင်းထန်သည့် ပြစ်မှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှု ပြစ်ဒဏ်တစ်ခုကို ချမှတ်ရန်နှင့် အခြားနိုင်ငံများ အားလုံးကိုလည်း တောင်းဆိုခဲ့ပါသည်။ ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့ထ်က ဆီးရီးယားနှင့် အီရတ်မှာ ဩစတြေးလျ နိုင်ငံသား (၇၀)ထက်မနည်း တိုက်ခိုက် နေကြကြောင်း လွှတ်တော်မှာ ပြောကြားခဲ့ပြီး အစိုးရအနေနှင့် အကြမ်းဖက် သမားများနှင့် ဆက်သွယ်ပူးပေါင်း နိုင်ချေရှိသည့် လူ(၇၀)၏ ပတ်စပို့စ်များကို ပယ်ဖျက်ခဲ့ ဖြစ်ကြောင်း သိရှိရပါသည်။


No comments:

Post a Comment