Saturday, November 29, 2014

တရုတ်နိုင်ငံ ရှင်ဝေဂေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အနောက်မြောက်ဘက်ရှိ ရှာချီခရိုင်တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား



တရုတ်နိုင်ငံ ရှင်ဝေဂေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အနောက်မြောက်ဘက်ရှိ ရှာချီခရိုင်တွင် ပြီးခဲ့သည့်သောကြာနေ့က အကြမ်းဖက်တိုက်ခိုက်မှု တစ်ရပ်ကြောင့် လူဆိုးဂိုဏ်းဝင် (၁၁)ဦးအပါအဝင် လူပေါင်း(၁၅)ဦး သေဆုံးခဲ့ပြီး (၁၄)ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသအာဏာပိုင်များ၏ နိုဝင်ဘာလ ၂၉ရက်နေ့ ထုတ်ပြန်ချက်တစ်စောင်မှာ ဖေါ်ပြထားကြောင်း သိရပါသည်။ လူဆိုးများသည် ဖောက်ခွဲရေးပစ္စည်းများကို ပစ်ဖောက်ခွဲခဲ့ပြီး ဓားများနှင့် အရပ်သားများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အနီးရှိကင်လှည့်နေသည့် ရဲတပ်ဖွဲ့ဝင်က (၁၁)ဦးကို ပစ်သတ်ခဲ့ပါသည်။ ဖောက်ခွဲရေးပစ္စည်းများ၊ ဓားများနဲ့၊ ပုဆိန်များကို အခင်းဖြစ်ပွါးရာနေရာတွင် တွေ့ရှိခဲ့ပါသည်။ ထိခိုက်ဒဏ်ရာရသူများသည် ဒေသရှိဆေးရုံများမှာ ဆေးကုသမှု ခံယူလျှက်ရှိပြီး ရှာချီခရိုင်မှာပင် ဇူလိုင်လ (၂၈)ရက်နေ့က ဓားများပုဆိန်များနှင့် အကြမ်ဖက်တိုက်ခိုက်သည့် ဂိုဏ်းတစ်ခုကြောင့် အရပ်သား (၃၇)ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment