Saturday, November 29, 2014

အီဘိုလာရောဂါကြောင့် မိဘမဲ့ဖြစ်ခဲ့ရသည့် လိုက်ဘေးရီးယား ကလေငယ်များအား အထောက်အပံ့ပေးရန် အရေးပေါ် လိုအပ်နေ



အီဘိုလာရောဂါကြောင့် မိဘမဲ့ဖြစ်ခဲ့ရသည့် လိုက်ဘေးရီးယား ကလေငယ်များသည် အထောက်အပံ့ အရေးပေါ် လိုအပ်နေကြောင်း သိရပါသည်။ မြို့တော် မွန်ရိုဗီးယားမြို့စွန်ရှိ လိုက်ဘေးရီးယား မိဘမဲ့ကလေးများ အဖွဲ့အစည်းတွင် မိဘမဲ့ကလေးငယ် (၂၃)ဦးကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ၄င်းကလေးငယ်များအတွက် အစားအစာနှင့် မရှိမဖြစ်တဲ့ လိုအပ်တဲ့အရာများ လိုအပ်နေဆဲ ဖြစ်ပြီး ဒေသခံများသည် အီဘိုလာဗိုင်းရပ်စ် ကူးဆက်ခံရမှာ ကြောက်ရွံ့သည့်အတွက် ၄င်းကလေးငယ်များအား မွေးစားရန်မလိုလားကတည်းက ၄င်းအဖွဲ့အစည်းသည် ၄င်းကလေးငယ်များအား ကူညီရန် ပေးကမ်းလှူဒါန်းမှုများကို လက်ခံရရှိခဲ့ခြင်း မရှိခဲ့ကြောင်း အဖွဲ့၏ စီအီးအိုက ပြောကြားခဲ့ပါသည်။ မွန်ရိုဗီးယားမြို့ထဲမှာပင် အီဘိုလာရောဂါကြောင့် မိဘမဲ့ကလေးငယ် (၃၉၀)ကျော်ရှိပြီး ၄င်းပမာဏက အနောက်အာဖရိကတစ်ဝန်း ပျမ်းမျှ(၁၀ဝ၀)ထိ ရှိလာနိုင်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment