Saturday, November 29, 2014

အိုင်အက်စ် လက်နက်ကိုင်များနှင့် ကာ့ဒ်တိုက်ခိုက်ရေးသမားများအကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား



အိုင်အက်စ် လက်နက်ကိုင်များသည် တူရကီနယ်စပ်ရှိ ကိုဘာနီမြို့မှ ကာ့ဒ်တိုက်ခိုက်ရေးသမားများကို နိုဝင်ဘာလ၂၉ရက်နေ့က ခုခံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ပေါက်ကွဲသံများနှင့် သေနတ်သံများကို တူရကီမြို့နယ်စပ်တစ်လျောက်မှ ကြားနေရပြီး မြို့မှနေပြီး မီးခိုးများ ထွက်ပေါ်နေသည်ကို မြင်နေရပါသည်။ ပဋိပက္ခအတွင်း ကာ့ဒ်မြို့တွင် အိုင်အက်စ်လက်နက်ကိုင် လေးဦးက အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ခိုက်ရေးသမား (၃၀)ထက်မနည်း သေဆုံးခဲ့ပါသည်။ လေ့လာစောင့်ကြည့်ချက်အရ ပဋိပက္ခဟာ အနောက်တောင်ဘက်အပါအဝင် မြို့တစ်ဝန်းမှာ ဖြစ်ပွားနေပါသည်။ အိုင်အက်စ်လက်နက်ကိုင်များသည် ကိုဘာနီမြို့သို့ အမြောက်ဖြင့် အကြိမ်တစ်ရာထက်မနည်း ပစ်ခတ်ခဲ့ပြီး တင့်ကားများကိုလည်း ယူဆောင်ခဲ့ပါသည်။ ကာ့ဒ်တိုက်ခိုက်ရေးသမားများသည် အာရာဘစ်တွင် နှစ်လာကျော်ကြာ အိုင်အက်စ်လက်နက်ကိုင်များ၏ ထိန်းချုပ်ထားခြင်းကို ခံခဲ့ရကြောင်း သိရှိရပါသည်။

No comments:

Post a Comment