အာဖဂန်နစ္စတန်မြို့တော်
ကဘူးလ်ရှိ ခြံဝန်းတစ်ခုအတွင်းမှာ သေနတ်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့များ အပြန်အလှန်
ပစ်ခတ်မှုတစ်ခု မနေ့က ဖြစ်ပွားခဲ့ပါသည်။ နောက်လကုန်မှာ အာဖဂန်ရှိ နိုင်ငံခြားတပ်ဖွဲ့များသည်
အပြီးတိုင်ဆုတ်ခွာမည် ဖြစ်သည့်အတွက် တာလီဘန်လက်နက်ကိုင်များသည် တိုက်ခိုက်မှုများကို
ပိုမိုပြုလုပ်လာကြပြီး (ကာတီ-ရှက်)ခရိုင်တွင် ဖြစ်ပွါးခဲ့သည့် တိုက်ခိုက်မှုသည် နောက်ဆုံးတိုက်ခိုက်မှု
ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၉ရက်နေ့က တိုက်ခိုက်မှုသည် ဘယ်အဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်သည်ဆိုတာ
မရှင်းလင်းသေးဘဲ တာလီဘန် လက်နက်ကိုင်များကတော့ ၄င်းတို့ရဲ့ လက်ချက်ဖြစ်ကြောင်း မိနစ်ပိုင်းအတွင်း
ပြောကြားခဲ့ပါသည်။ ရဲတပ်ဖွဲ့က ၄င်းနေရာကို ပိတ်ဆို့ထားပါသည်။ ပြီးခဲသည့် ကြာသပတေးနေ့က
တာလီဘန်လက်နက်ကိုင်များသည် ကဘူးလ်သံတမန် အိမ်ယာဝန်အတွင်းရှိ ဧည့်ဂေဟာတစ်ခုကို အသေခံတိုက်ခိုက်ခံပြီး
၎င်းနေ့မှာပင် ဗြိတိန်သံအမတ်၏ ယာဉ်ပေါ်မှာ အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဗြိတိန်နိုင်ငံသား
တစ်ဦးအပါအဝင် (၅)ဦးသေဆုံးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment