Monday, December 1, 2014

ယူကရိန်းအရှေ့ပိုင်းသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးယာဉ်တန်း ထပ်မံစေလွှတ်

ယူကရိန်းအရှေ့ပိုင်းသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးယာဉ်တန်း ထပ်မံစေလွှတ်ခဲ့ကြောင်း ရုရှားအရေးပေါ်ဝန်ကြီးဌာနက နိုဝင်ဘာလ ၃၀ရက်နေ့က ပြောကြားခဲ့ပါသည်။ ကုန်တင်ယာဉ်(၁၀ဝ)ကျော်ဟာ ရုရှား-ယူကရိန်းနယ်စပ်ကို ဖြတ်ပြီး ယူကရိန်းပိုင်နက်ဖြစ်သို့ လူးဟန့်စ်နှင့် ဒိုးညက်စ်ဆီသို့ ဦးတည်လာတာဖြစ်ပါသည်။ တည်ဆောက်ရေး ပစ္စည်းကုန်ကြမ်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်အချို့ကတော့ ဒိုးညက်စ်မြို့ကို စနေနေ့က ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ယာဉ်(၁၀၆)စင်းပါ ယာဉ်တန်းဟာ ယူကရိန်းရဲ့ ခွင့်ပြုချက်မရဘဲ ဝင်ရောက်ခဲ့ကြောင်းနှင့် ခွဲထွက်ရေးသမားများကို လက်နက်များထောက်ပံ့ပေးရေး အတွက်ဖြစ်ကြောင်း ယူကရိန်းမှ စွပ်စွဲပြောကြားခဲ့ပါသည်။ စက်တင်ဘာလ(၅)ရက်နေ့က ငြိမ်းချမ်းရေးအတွက် သဘောတူညီမှုတစ်ခု ရရှိခဲ့သော်လည်း ယူကရိန်းအစိုးရနှင့် ခွဲထွက်ရေးသမားတို့အကြား တိုက်ပွဲများကတော့ ဆက်လက်ဖြစ်ပွားလျက်ရှိပါသည်။ ယူကရိန်းခွဲထွက်ရေး ဒေသမှာ လများစွာတိုက်ပွဲတွေကြောင့် ဆေးဝါးနဲ့ အစားအသောက်များ ပြတ်လတ်လျက်ရှိပေမယ့် ရုရှားတို့မှာ ပုံမှန်ထောက်ပံ့လျက်ရှိပြီး ယူကရိန်းအစိုးရကတော့ ပြစ်တင်ရှုတ်ချလျက်ရှိပါသည်။ ၄င်းယာဉ်တန်းဟာ ဩဂုတ်လလယ်က စတင်ပေးပို့ခဲသည့် (၈)ကြိမ်မြောက် ထောက်ပံ့ရေး ယာဉ်တန်းဖြစ်ကြောင်း ရုရှားအေဂျင်စီက ထုတ်ပြန်ခဲ့တယ်လို့ သိရှိရပါသည်။

No comments:

Post a Comment