ဂျူးအစွန်းရောက်ဟု
သံသယရှိသူတွေများက ဂျေရုစလင်ရှိ အာရပ်-ဂျူးကျောင်းမှ စာသင်ခန်းတစ်ခုကို မီးရှို့ခဲ့ကြောင်း
ရဲတပ်ဖွဲ့ကနိုဝင်ဘာလ(၃၀)ရက်နေ့က ပြောကြားခဲ့ကြောင်း သိရပါသည်။ ပါလက်စတိုင်းနဲ့ အစ္စရေးကလေးငယ်များ
ဟီဘရူးနဲ့ အာရပ်ဘစ်တို့ကို အတူတကွလေ့လာနေသည့် ပထမတန်း စာသင်ခန်းကို တိုက်ခိုက်ချိန်
အခုလ(၂၉)ရက်နေ့ နှောင်းပိုင်းမှာ ကျောင်းဥပစာမှာ တစ်ဦးတစ်ယောက်မှ မရှိတော့ကြောင်း သိရပါသည်။
ဟန်း-အင်-ဟန်းမှာ မူလတန်းမှ အထက်တန်းအထိ ကျောင်းသား(၆၀ဝ)ကျော်ရှိပြီး ဂျူးနဲ့အာရပ်ဆိုပြီး
ခွဲခြားထားကာ အရေအတွက်မျှတူ တည်ရှိတဲ့နေရာဖြစ်ပါသည်။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ပါလက်စတိုင်း၊
အစ္စရေးနဲ့ ဂျေရုစလင်တို့မှာ အကြမ်းဖက်မှုများ ပိုမိုများပြားလာပါသည်။ အစ္စရေးနိုင်ငံဝန်ကြီးချုပ်
ဘင်ဂျမင်-နေတန်ရာဟုက ကျောင်းအား မီးရှို့မှုနဲ့ ပတ်သက်ပြီး ပြစ်တင်ပြောကြားခဲ့ပါသည်။
ဂျေရုစလင်မှာ ငြိမ်းချမ်းရေး ပေါ်ပေါက်လာဖို့ အစွမ်းကုန်အားထုတ် ဆောင်ရွက်နေတယ်လို့
ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment