Monday, December 29, 2014

အင်ဒိုနီးရှားနိုင်ငံ ဆူရာဗာယားမြို့မှ စင်္ကာပူသို့ ပျံသန်းစဉ် ပျောက်ဆုံးသွားခဲ့သောအဲအေးရှားလေယာဉ် ရှာဖွေရေးများ ဆက်လက်လုပ်ဆောင်လျက်ရှိ




အင်ဒိုနီးရှားနိုင်ငံ ဆူရာဗာယားမြို့မှ စင်္ကာပူသို့ ပျံသန်းစဉ် ပျောက်ဆုံးသွားခဲ့သည့်အဲအေးရှားလေယာဉ်နှင့် ပတ်သက်ပြီး ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့များသည်ဂျာဗားပင်လယ်အတွင်းတွင်ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီသည်နိုင်ငံပေါင်းစုံပါဝင်သည့် ၄င်းရှာဖွေမှုကို ဦးဆောင်လျက်ရှိပြီး လေယာဉ်သည် ပင်လယ်ရေအောက် ကြမ်းပြင်တွင် ရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ စင်္ကာပူနှင့် တောင်ကိုရီးယားတို့မှ လေယာဉ်နှင့်ရေယာဉ်များ ပေးပို့ ကူညီခဲ့သလို အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့ထံမှလည်း အကူအညီများ ရရှိခဲ့ကြောင်းနှင့် (၂၀၁၂)ခုနှစ်ကစပြီး အဲအေးရှား လေကြောင်းလိုင်းမှာ ယခုကဲ့သို့ ဖြစ်ရပ်မျိုး မဖြစ်ပွားခဲ့ဖူးကြောင်း သိရပါသည်။တရုတ်အစိုးရအနေနဲ့ ပျောက်ဆုံးနေဆဲဖြစ်သည့် အင်ဒိုနီးရှားလေယာဉ်ရှာဖွေမှုအတွက် လေယာဉ်နှင့် ရေယာဉ်များ ပေးပို့ဖို့ အသင့်ရှိပါကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာလ ၂၉ရက်နေ့ကပြောကြားခဲ့ပါသည်။ _မလေးရှားနိုင်ငံသည်လည်း ဂျားဗားပင်လယ်အတွင်း ပျက်ကျတယ်လို့ယူဆရသည့်အင်ဒိုနီးရှားလေယာဉ်ရှာဖွေမှုတွင် လေယာဉ်များနှင့် ရေယာဉ်များပေးပို့ခဲ့ပြီး အင်ဒိုနီးရှား ဦးဆောင်သည့်၎င်းရှာဖွေမှုတွင်ရှာဖွေရေးနှင့်ကယ်ဆယ်ရေး လုပ်ငန်းများကို ကူညီလုပ်ဆောင်လျက် ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment