ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒိုးညက်စ်မြို့ဒေသခံများသည်နှစ်သစ်ကူး၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
အကူအညီပေးရေး ပစ္စည်းထုတ်များကို ဒီဇင်ဘာ ၂၉ရက်နေ့က စောင့်ဆိုင်းနေခဲ့ကြကြောင်း သိရပါသည်။
စေတနာ့ဝန်ထမ်းများသည်အစားအသောက်သေတ္တာများနှင့် အခြားထောက်ပံ့ရေး ပစ္စည်းများကို ဒေသခံများအားလုံးသို့
ဖြန့်ဝေပေးခဲ့ပါသည်။ ၄င်းထောက်ပံ့ရေး ပစ္စည်းများသည်ပြီးခဲ့သည့် သောကြာနေ့က ရောက်ရှိခဲ့ပြီးစက်တင်ဘာလ
ကတည်းက ဒေသခံများအား ထောက်ပံ့ပေးသည့် (၁၅)ခုမြောက်ဖြစ်ပါသည်။ ဒေသခံ အများစုသည် ၄င်းတို့ဘဝ
လုံခြုံရေးအတွက် စိုးရိမ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။
No comments:
Post a Comment