Monday, December 1, 2014

နေပြည်တော်သို့ ရောက်ရှိလာသည့် နော်ဝေးဘုရင်နှင့် မိဖုရားအား ၀န်ကြီးဦးဝဏ္ဏမောင်လွင်နှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက်




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့၏ ဖိတ်ကြားချက် အရ နော်ဝေးနိုင်ငံ ပဉ္စမမြောက် ဟာရယ်ဘုရင်နှင့် မိဖုရားဆွန်ရာ ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ သည် ယနေ့နံနက် (၁၀)နာရီ မိနစ် (၄၀)တွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိ လာကြသည်။ ဧည့်သည်တော်နော်ဝေးနိုင်ငံ ပဉ္စမမြောက်ဘုရင်နှင့်မိဘုရားတို့ခေါင်းဆောင်သောကိုယ်စားလှယ် အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့်ဇနီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဋ္ဌေးနှင့် ဇနီး ၊ နော်ဝေးနိုင်ငံဆိုင်ရာ ပြည်ထောင်စုသံအမတ်ကြီး ဦးကျော်စွာမင်း နှင့်ဇနီးနှင့်တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆပ်တွင်ကြိုဆိုနှုတ်ဆက်ကြသည်။

No comments:

Post a Comment