တောင်ကိုရီးယား
သမ္မတ ပတ်ဂွန်ဟေးသည် တောင်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ရောက်ရှိနေသော အိန္ဒိယနိုင်ငံ
နိုင်ငံခြားရေး ဝန်ကြီး ဆတ်ခ်ျ-မာဆွာရာ့ခ်ျနှင့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ဆိုးလ်မြို့တွင်
လက်ခံတွေ့ဆုံခဲ့ပါသည်။ ဆတ်ခ်ျ-မာဆွာရာ့ခ်ျသည် ပြီးခဲ့သော တနင်္ဂနွေနေ့က တောင်ကိုရီးယားနိုင်ငံသို့
ရောက်ရှိခဲ့ပြီး သုံးရက်ကြာအလည်အပတ်ခရီးတွင် တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီး
ယမ်ဘန်ဆေးနှင့်လည်း တွေ့ဆုံခဲ့ပြီး နိုင်ငံတော် ကာကွယ်ရေး၊ စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များ၊
တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားရေးဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း
သိရပါသည်။ အိန္ဒိယနှင့် တောင်ကိုရီးယားတို့သည် (၁၉၇၃)ခုနှစ်ကတည်းက သံတမန် ဆက်ဆံရေး စတင်တည်ထောင်ခဲ့တာဖြစ်ကြောင်း
သိရပါသည်။ဂျပန်နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး အာခီတာကာ-ဆာအီကီသည် ဒီဇင်ဘာလ ၂၉ရက်နေ့က
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိခဲ့ပြီး တစ်ရက်တာ ခရီးတွင် တောင်ကိုရီးယားနိုင်ငံခြားရေး
ဝန်ကြီး တေးယုံနှင့် တွေ့ဆုံကာ နှစ်နိုင်ငံအရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးဆိုင်ရာ
ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြ ပါသည်။ ဆွေးနွေးမှုတွင်ဆိုးလ်နှင့်တိုကျို အကြား သံတမန်သက်တမ်း
နှစ်(၅၀)ပြည့် အထိမ်းအမှတ်ပွဲနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံက ဦးဆောင်ကျင်းပမည့်ကိစ္စရပ်များလည်း
ဆွေးနွေးခဲ့ကြပြီး ဂျပန်နိုင်ငံရဲ့ လက်အောက်မှ
တောင်ကိုရီးယားတို့ လွှတ်မြောက်ခဲ့သည့် နှစ်(၇၀)ပြည့်အထိန်းအမှတ်လည်းဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်
အတွင်းက တပ်ဖွဲ့အင်အားတွင်း အမျိုးသမီးများအား တပ်သားအဖြစ်ခိုင်းစေခဲ့မှုနှင့် (၁၉၁၀)ပြည်နှစ်နှင့် (၁၉၄၅)ခုနှစ်များ အတွင်းကလည်း ကိုရီးယားကျွန်းဆွယ်အရေး
အငြင်းပွားမှုများနှင့် ပတ်သက်ပြီး နှစ်နိုင်ငံအကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment