Monday, December 29, 2014

အဝေးပြေးလမ်းမပေါ်ရှိကားများအား ဒုံးကျည်များဖြင့်ပစ်လွှတ် ခဲ့သည့် ပါလက်စတိုင်းသား တစ်ဦး အစ္စရေးတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် သေဆုံး




အနောက်ဘက်ကမ်းခြေဒေသပိုင်အဝေးပြေးလမ်းမတစ်ခုပေါ်ရှိ ကားများအား ဒုံးကျည်များဖြင့်ပစ်လွှတ်ခဲ့သည့် ပါလက်စတိုင်းသားတစ်ဦးအား အစ္စရေး၏တပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ကြောင်း သိရပါသည်။ ပါလက်စတိုင်းရွာများနှင့် ဂျူးလူမျိုးများ နေထိုင်ရာ နေရာများအနီးရှိ အဓိကလမ်းမပေါ်သို့ ကျောက်တုံးများ ပစ်ပေါက်နေသည့် ပါလက်စတိုင်းလူမျိုး အဖွဲ့တစ်ဖွဲ့အား ၄င်းတို့၏ လုပ်ရပ်အား ရပ်တန့်သွားစေရန်အတွက် တပ်ဖွဲ့ဝင်များက အော်ဟစ်သတိပေး သေနတ်သံများ ပစ်ဖောက်ခဲ့ပါသည်။ ၄င်းပါလက်စတိုင်းသားအား အခင်းဖြစ်ပွားရာတွင်ကုသခဲ့သော်လည်းရရှိခဲ့သည့် ဒဏ်ရာကြောင့် သေဆုံး သွားခဲ့ပါသည်။ အစ္စရေးနှင့် ပါလက်စတိုင်း ကြားမှာရှိသည့် ပိုင်နက်နယ်မြေ အငြင်းပွားမှုသည်ပြီးခဲ့သည့်လ အနည်းငယ်အတွင်းက ပိုမိုပြင်းထန်လာခဲ့ပါသည်။ တိုက်ခိုက်မှုများကြောင့် အစ္စရေးတို့ဘက်မှ(၁၁)ဦးနှင့် ပါလက်စတိုင်းတို့ဘက်မှ(၁၆)ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment