နှစ်နိုင်ငံနှင့်
တပ်မတော်နှစ်ရက်အကြား ဆက်ဆံရေးတွင် (၆၅) နှစ်ကြာအတွင်း ရှိခဲ့၍ ကောင်းမွန်ရှည်လျားသော
သမိုင်းကြောင်း ဆက်ဆံရေးရှိခဲ့ပါကြောင်း ရင်းနှီးသော မိတ်ဆွေနိုင်ငံများဖြစ်ပြီး နီးကပ်သောဆက်ဆံရေးများရှိ၍
အနာဂတ်တွင် ပိုမိုခိုင်မာကောင်းမွန်မည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင်
တစ်စိတ်တစ်ဒေသ အကူအညီပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ဆားဗီးယားနိုင်ငံ၏ နည်းပညာမြင့်မားမှုဖြင့်
စီးပွားရေးနယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှိကြောင်းဖြင့်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၂ ရက်
နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် မြန်မာနိုင်ငံဆိုင်ရာ
ဆာဗီးယား နိုင်ငံသံအမတ်ကြီး Mr.Miodrag .Nikolin အား လက်ခံတွေ့ဆုံရာတွင် ဆွေးနွေးပြောကြားပါသည်။
No comments:
Post a Comment