Friday, January 2, 2015

ရခိုင်ပြည်နယ်အတွင်း အလှူငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ



ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေး ကော်မတီဥက္ကဌ ဒေါက်တာခင်ရွှေ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ လိုက်ပါလျက် ရသေ့တောင်မြို့၊ စစ်တွေမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ သံတွဲမြို့များသို့ သွားရောက်ပြီး အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေးကောမတီမှ ဘုန်းတော်ကြီးကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ပညာရေးဖောင်ဒေးရှင်းများအား အလှူငွေနှင့် ဗလာစာအုပ်များ လှူဒါန်းခြင်း၊ အကူအညီ လိုအပ်လျက်ရှိသူများကို အနွေးစောင်များ လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

No comments:

Post a Comment