ကာ့ဒ်တပ်ဖွဲ့ ဝင်များသည်
ဆီးရီးယားမြို့ ကိုဘာနီကို ပြန်လည် သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်ကြောင်းသိရပြီး၊ အိုင်အက်စ်တို့ကို
ကိုဘာနီမှာ (၄)လတာမျှ တိုက်ခိုက်ခဲ့ရတာ ဖြစ်ပါသည်။ တူရကီနယ်စပ်နှင့် ထိစပ်နေသော ကိုဘာနီကို
ဝိုက်ပီဂျီခေါ် ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့များက ပြန်လည်သိမ်းပိုက် လိုက်နိုင်ပြီ ဖြစ်ကြောင်းလည်း
လူ့အခွင့်အရေး စောင့်ကြည့်သူများက ကြေညာခဲ့ကြကာ အိုင်အက်စ်များသည် ၄င်းတို့ဆုတ်ခွာမှု
မပြုခင်မှာ မြို့အရှေ့ပိုင်းကို မိုင်းများစွာ ထောင်ထားခဲ့တယ်လို့ ဆိုပါသည်။ အမေရိကန်
ဦးဆောင်သော တပ်များက လေကြောင်းကနေမှ ကိုဘာနီရှိ အိုင်အက်စ်များကို နေ့စဉ်ရက်ဆက် တိုက်ခိုက်ပေးခဲ့ပြီး
ကာ့ဒ်တပ်များက မြေပြင်ကနေမှ ထိုးစစ်ဆင်ခဲ့ကြတာ ဖြစ်ပါသည်။ ကိုဘာနီက အိုင်အက်စ်များကို
တိုက်ထုတ်လိုက် နိုင်တဲ့အတွက် ကာ့ဒ်တပ်များ အောင်ပွဲခံလျက်ရှိပြီး ကိုဘာနီမှ ဒေသခံအများစုသည်
တူရကီနိုင်ငံမှာ ခိုလှုံနေကြရကာ ပတ်ရှ်မန်ဂါလို့ သိကြတဲ့ အီရတ်ကာဒ့်များကို ဆီးရီးယား
ကိုဘာနီသို့ စေလွှတ်ပြီး ဝိုင်းဝန်းတိုက်ခိုက် စေခဲ့တာ ဖြစ်ပါသည်။ ကိုဘာနီတိုက်ပွဲသည်
အမေရိကန် ဦးဆောင်သော တပ်များ၏ ဝိုင်းဝန်းချေမှုန်း ခဲ့မှုကြောင့်ရရှိတဲ့ အောင်မြင်မှုလည်း
ဖြစ်ပါသည်။ ကိုဘာနီကို သိမ်းပိုက်နိုင်ခဲ့ ပေမဲ့လည်း အနီးအနားရှိ ရွာများရှိအိုင်အက်စ်
လက်ကျန် အဖွဲ့များကို ဆက်လက်တိုက်ခိုက် နေရဆဲဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment