အမေရိကန် နယူးယောက်ခ်တွင်
ရုရှားစပိုင် လုပ်ခဲ့သူဟု ယူဆရသူ (၃) ဦးကို အမေရိကန် အစိုးရမှ ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း
သိရပါသည်။ ဘာယာကော့ဗ်၊ စပေါရှက်ဗ်နှင့် ပိုဒိုနေးဆိုသူ (၃)ဦးသည် ရုရှားနိုင်ငံကိုယ်စား
စီးပွားရေး ကိစ္စများတွင် ဥပမာ- အမေရိကန်မှ ပိတ်ဆို့ထားမှုများ၏ သတင်းအချက် အလက်များကို
တရားမဝင် ရယူခဲ့မှုနှင့် တရားစွဲဆို ခံရတာဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးမှူး အဲရစ်လ်ဟိုလ်ဒါက
ပြောကြားခဲ့ပါသည်။ ရုရှားအကျိုးအတွက် စီးပွားရေး လုပ်ငန်းများ ဖော်ဆောင်ပေးနေသူ ရုရှားစပိုင်
အတော်များများကို (၂၀၁၀)မှစပြီး ရှာဖွေခဲ့ကာ (၂၀၁၂)မှာ တရားမဝင် လုပ်ဆောင်မှုတွေကို
တွေ့ရှိခဲ့ရတာ ဖြစ်ပါသည်။ တစ်ဦးက ဘဏ်လုပ်ငန်း ရှင်အဖြစ်၊ နောက်တစ်ဦးက ကုန်သွယ်ရေးဌာန
ကိုယ်စားလှယ် အဖြစ်နှင့် နောက်တစ်ဦးကတော့ ကုလသမဂ္ဂဆိုင်ရာ ရုရှားတာဝန် ရှိသူအဖြစ် ပါဝင်လုပ်ဆောင်
ခဲ့ကြတာ ဖြစ်ပါသည်။ ဘာယာကော့ဗ် ကတော့ရုရှားရဲ့ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသောသူတစ်ဦး
ဖြစ်တာကြောင့် ထောင်(၁၀)နှစ်ခန့် အမြင့်ဆုံး ပြစ်ဒဏ်ကျခံ ရနိုင်ပါသည်။ ကျန်ရှိသော စပေါရှက်ဗ်နှင့်
ပိုဒိုနေးတို့ကတော့ အမေရိကန် နိုင်ငံအတွင်းမှာ မရှိတာကြောင့် ဖမ်းဆီးမရ သေးသော်လည်း
နိုင်ငံတွင်းတွင် တွေ့ရှိလာပါက အရေးယူသွားမည်ဟု သက်ဆိုင်ရာက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment