အေးချမ်းလှသည့်
ဆောင်းရာသီချိန်ခါမှာ အေးခဲနေသည့် မြစ်ကြောင်းအတွင်း မြောက်ကိုရီးယား တပ်ဖွဲ့ဝင်များ၏
စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေပုံအား မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက စောင့်ကြည့်နေမှုများကို
နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ထုတ်လွင့်ပြသခဲ့ပါသည်။ တင့်ကားများနှင့် ရှေ့တန်းစစ်မြေပြင်မှာ
တပ်ဖွဲ့ဝင်များက ရေခဲပြင်ကို ဖြတ်ပြီး စစ်ရေးလေ့ကျင့်နေမှုများကိုပါ ပြသခဲ့ပါသည်။ အဲဒီ
စစ်ရေးလေ့ကျင့်မှုတွင် မြောက်ကိုရီးယားမှ ကာကွယ်ရေးဝန်ကြီးနှင့် အဆင့်မြင့် အရာရှိခေါင်းဆောင်များလည်း
ပါဝင်လေ့ကျင့်ခဲ့ကြပါသည်။ မြောက်ကိုရီးယားတို့၏ နျူးကလီးယား လက်နက် စမ်းသပ်မှုနှင့်
ပတ်သက်ပြီး ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုဟာ မြောက်ကိုရီးယားအတွက် ကြီးမားသည့် ပိတ်ဆို့မှု
တစ်ရပ် ဖြစ်ပါသည်။ တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ နှစ်စဉ်ပြုလုပ်နေကျဖြစ်သည့် စစ်ရေးလေ့ကျင့်မှုကို
ဖျက်သိမ်းခဲ့မယ်ဆိုရင် မြောက်ကိုရီးယားက ၄င်းတို့၏ နျူးကလီးယား စမ်းသပ်မှုကို ရပ်ဆိုင်သွားမယ်လို့
ယခုလ အစောပိုင်းမှာ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment