Tuesday, January 27, 2015

မီနီဆိုးတာရှိ မြို့တော်ကောင်စီ၏ ပုံမှန်အစည်းအဝေးတစ်ခုတွင် အမည်မသိလူတစ်ဦးက ရဲအရာရှိနှစ်ဦး အား သေနတ်ဖြင့် ပစ်ခတ်




 အမေရိကန်ပြည်ထောင်စု မီနီဆိုးတာရှိ မြို့တော်ခန်းမတစ်ခုမှာ မြို့တော်ကောင်စီ၏ ပုံမှန်အစည်းအဝေးတစ်ခု မစတင်ခင် အမည်မသိလူတစ်ဦးက ရဲအရာရှိနှစ်ဦးအား သေနတ်နှင့် ပစ်ခတ်ခဲ့ပြီး အခြားရဲအရာရှိနှစ်ဦး၏ ပြန်လည်ပစ်ခတ်မှုကြောင့် ၄င်းတရားခံဟာလည်း သေဆုံးခဲ့ကြောင်း သိရပါသည်။ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အပစ်ခံခဲ့ရသည့် ရဲအရာရှိ(၂)ဦးကတော့ မစိုးရိမ်ရတော့ကြောင်းနှင့် အသက်ရှင်နိုင်သည့် အနေအထားမှာရှိကြောင်း ဒါပေမဲ့ တရားခံဟာ ဘာကြောင့် ပစ်ခတ်ခဲ့သလဲ ဆိုတာနှင့် ဘယ်သူဘယ်ဝါ ဖြစ်သလဲဆိုတာ မသိရှိရသေးကြောင်းနှင့် ၄င်းနှင့်ပတ်သတ်သည့် အချက်အလက်များကို ရှာဖွေဖော်ထုတ်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment