Sunday, January 4, 2015

မိုဘိုင်းတင်း(န)က သက်တမ်း(၂)နှစ်ထဲမှာ အမှုပေါင်း၅၀၀၀ကျော်ဖမ်းဆီး

တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းသိမ်းရေးအဖွဲ့ Mobile Team စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ(၁) ရက် နေ့မှ ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ(၂၅)ရက်နေ့အထိ (၂)နှစ်ကျော်သက်တမ်းအတွင်းမှာ တရားမ၀င်ကုန်သွယ်မှုပေါင်း (၅၀၀၀) ကျော်နှင့် ခန့်မှန်းတန်ဘိုးငွေကျပ် ဘီလီယံပေါင်း (၂၆)ဘီလီယံကျော်ကို ဖမ်းဆီးရရှိခဲ့သည့်ဟု မိုဘိုင်းတင်း (န) အဖွဲ့က ထုတ်ပြန် လိုက်ကြောင်း သိရပါသည်။ ၎င်းဖမ်းဆီးရရှိမှုများတွင် မူဆယ်-မန္တလေးလမ်းကြောင်းမှာ အမှုတွဲပေါင်း တစ်ထောင့် တစ်ရာကျော်၊ မြ၀တီ-ရန်ကုန်လမ်းကြောင်းမှာ တစ်ထောင့်နှစ်ရာကျော်၊ မူဆယ်ထုတ်နုတ် အင်အားမှ တစ်ထောင့် ခြောက်ရာကျော်အပါအ၀င် တမူး၊ တာချီလိတ်၊ ကန်ပိုက်တီး၊ ကျိုင်းတုံဒေသတွေမှာရှိသည့် မိုဘိုင်းတင်း(န)အဖွဲ့ခွဲများမှ ဖမ်းဆီးရရှိခြင်းတွေပါဝင်ပါကြောင်း သိရပါသည်။ ယခုလိုဖမ်းဆီးရရှိထားခဲ့သည့် ပမာဏများထဲမှ တားဆီးစစ်ဆေး ထိန်းသိမ်းထားသည့်ပစ္စည်းများကို အမှုတွဲဖွင့်ပြီး အကောက်ခွန်ဦးစီးဌာနကို စနစ်တကျလွှဲပြောင်း ထားပြီးဖြစ်သည်ဟု မိုဘိုင်းတင်း(န)အဖွဲ့က ပြောဆိုထားကြောင်း သိရပါသည်။

No comments:

Post a Comment