Sunday, January 4, 2015

ကြိမ်အချောထည်လုပ်ငန်းတွေ ထက်ဝက်ကျော်လျှော့ကျ

လွန်ခဲ့သည့်(၅)နှစ်ကျော်ကာလအတွင်းမှာ နိုင်ငံခြားဈေးကွက်တွေကို တင်ပို့နေသည့် မြန်မာနိုင်ငံက ကြိမ်အချောထည် လုပ်ငန်းများ သည် ထက်ဝက်ကျော်လောက်ကို ရပ်နားသွားပြီလို့ ကြိမ်၊ ဝါးလုပ်ငန်းရှင်များအသင်းက ပြောကြောင်း သိရပါသည်။ အဓိက ဝယ်လက်ဖြစ်သည့် အီးယူနိုင်ငံတွေ၏ ၀ယ်ယူမှုကျဆင်းခြင်း၊ နိုင်ငံတကာက ပရိဘောဂအချောထည် ဈေးကွက် ပိုမိုကျယ်ပြန့် လာခြင်း၊ ပြည်တွင်းနိုင်ငံရေးအခြေအနေများနှင့် မူဝါဒ တင်းကျပ်မှု တွေကြောင့် ကြိမ်အချောထည် လုပ်ငန်းများ ယခုလိုလျှော့နည်း လာရခြင်းဖြစ်သည်ဟု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောကြောင်း သိရပါသည်။ ၂၀၀၈ ခုနှစ်တုန်းက နိုင်ငံခြားကို တင်ပို့သည့် ကုမ္ပဏီပေါင်း (၂၀)လောက်ရှိခဲ့ပြီး ယခုနှစ်ထဲတွင် လုပ်ငန်းအရေအတွက် (၅)ခု လောက်ကျန်သည်ဟု ကြိမ်၊ ဝါးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌက ပြောကြောင်း သိရပါသည်။ မြန်မာနိုင်ငံကြိမ်အချောထည် ပြည်ပတင်ပို့မှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာ (၁၀)သန်းမှ သန်း(၂၀)ကြားမှာ ရရှိခဲ့သော်လည်း ယခုနှစ်ထဲမှာ အမေရိကန် ဒေါ်လာ (၁၀)သန်းဝန်းကျင်လောက်ပဲ ရရှိခဲ့ခြင်းလည်းဖြစ်ကြောင်း သိရပါသည်။

No comments:

Post a Comment