Thursday, January 29, 2015

တိပိဋကဓရသာသနာ့ အာဇာနည်နှစ်ပါး ပေါ်ထွန်း

(၆၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးကို သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ ၂၈-၁၂-၂ဝ၁၄ မှ ၂၇-၁-၂ဝ၁၅ ရက်နေ့ထိ ၃၃ ရက်တိုင် ရန်ကုန်မြို့၊ သီရိ မင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်မှ အရှင်ဝိစိတ္တသာရသည် လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် စကားဝါလမ်း တိပိဋကကျောင်းတော်မှ အရှင်စက္ကိန္ဒ(မြိုင်)သည်လည်းကောင်း၊ ပိဋကသုံးပုံ အဘိဓမ္မာပိဋက (နောက်ပိုင်း) နှစ်ကျမ်းကို အာဂုံအောင်မြင်ကြသဖြင့် ပိဋကသုံးပုံအာဂုံအောင် ''တိပိဋကဓရ'' အရှင်မြတ်နှစ်ပါး ပေါ်ထွန်း ခဲ့ပါသည်။

No comments:

Post a Comment