Tuesday, January 27, 2015

မစ်ယူနီဗာ့စ်ဆု

အသက် (၂၂) နှစ်သာ ရှိသေးသည့် စီးပွားရေး ကျောင်းသူနှင့် ကိုလံဘီယာ ဘာရန်ကေလာက မော်ဒယ်မလေးသည် ကျင်းပပြီးတဲ့ ပြိုင်ပွဲဝင်(၈၈) ယောက်ထဲမှာမှ အားလုံးကို ကျော်ဖြတ်ပြီး မစ်ယူနီဗာ့စ်ဆုကို ရရှိခဲ့ပါသည်။ ပေါ်လီနာ-ဗာဂါဟာ ဘိုဂိုတာကဖြစ်ပြီး သူမအသက် (၈)နှစ်သမီး အရွယ်ကတည်းက မော်ဒယ်တစ်ယောက် ဖြစ်ခဲ့သည်လို့ သိရပါသည်။ ဗီဂါရဲ့ အောင်မြင်မှုဟာ ကိုလံဘီယာ အမျိုးသမီး ထုကြီးအတွက် ဖြစ်ကြောင်းသမ္မတ ဂျူအန်-မန်နျူယယ်- ဆန်းတိုစ့်က ပြောကြားခဲ့ပါသည်။ ဗီဂါဟာ လက်စ်ဗီးဂတ်စ်က တိုက်ကွမ်ဒို ခါးပတ်နက် အဆင့်(၄)ရ အမေရိကန်သူ နီယာ-ဆန်းချက်ဇ်ကို အနိုင်ရရှိခဲ့ပြီး နယ်သာလန်၊ ဂျမေကာနှင့် ယူကရိန်းတို့က အလှမယ် တွေကတော့ အဆင့်(၅)အတွင်း ဝင်နိုင်ခဲ့ကြပါသည်။ မစ်ယူနီဗာစ့် ပြိုင်ပွဲကြီးကို မိုင်ယာမီရှီ ဖလော်ရီဒါ နိုင်ငံတကာ တက္ကသိုလ်ကြီးမှာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲကျင်းပ ပုံများကိုတော့ အန်ဘီစီ ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့် ပြသပေးခဲ့တာ ဖြစ်ပါသည်။ လွန်ခဲ့တဲ့ (၇)နှစ်ကို ပြန်ကြည့်မယ် ဆိုရင်တော့ တောင်အမေရိကမှ အလှမယ် (၄)ဦးဟာ မစ်ယူနီဗာ့စ်ဆုကို ရရှိခဲ့ကြပြီး ဗင်နီဇွဲလား အလှမယ်များဟာ (၂၀ဝ၇)ခုနှစ်နှင့် (၂၀ဝ၈) ခုနှစ်တို့မှာ (၂)နှစ်ဆက်တိုက် မစ်ယူနီဗာစ့်ဆုကို ရရှိခဲ့ကြဖူးကြောင်း သိရှိရပါသည်။


No comments:

Post a Comment