ရုရှားနိုင်ငံသား အနုပညာရှင်
ပန်းချီဆရာ ဝက်ဆစ်လီ-ကန်းဒင်းစကီးရဲ့ အိတ်စပရက်ရှင်းနစ် လက်ရာ ပန်းချီကားများကို ဘရားဇီးလ်နိုင်ငံ
ရီယိုဒီဂျနေရိုးမှာ ပြသခဲ့သည်လို့ သိရပါသည်။ (ကန်ဒင်းစကီး- အရာရာကို အစက်ကလေး တစ်စက်နှင့်
စရသည်။)လို့ ပြပွဲကို အမည်ပေးထားပြီး ဘရာဇီးလ် ယာဉ်ကျေးမှုဘဏ် စင်တာမှာ ပြသခဲ့တာ ဖြစ်ပါသည်။
ကန်ဒင်းစကီးရဲ့ လက်ရာပေါင်း (၇၀)ကျော်ပါဝင်ပြီး (၂၀)ရာစု အစောပိုင်းလက်ရာများ ဖြစ်ကာ
(၁၉၂၂)ခုနှစ်မှာ ရုရှားကနေ သူမထွက်ခွာခင်က ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေ ဖြစ်ပါသည်။ ဒါ့အပြင်
ကန်ဒင်းစကီး ခေတ်အခါက ပန်းချီဆရာများရဲ့ အခြားလက်ရာ များကိုလည်း ပြသခဲ့ပြီး၊ ရုရှား၊ဂျာမနီ၊
ယူကေ၊ပြင်သစ်နှင့် ဩစတြေးလျရှိ အနုပညာ ပြတိုက်များက လက်ရာများကိုလည်း ထည့်သွင်းပြသခဲ့တာ
ဖြစ်ပါသည်။ တစ်မိုးအောက်မှာ ပန်းချီလက်ရာ ပေါင်းများစွာကို ကြည့်ရှုခွင့်ရတဲ့ အခွင့်အရေးဖြစ်ကြောင်း
ပြပွဲစီစဉ်သူများက ပြောကြားခဲ့ပါသည်။ ပြပွဲကိုမတ်လ (၃၀)ရက်နေ့အထိ လူထုသို့ ပြသသွားမှာဖြစ်ပြီး
ကန်ဒင်းစကီးကို (၁၈၆၆)ခုနှစ်က မော်စကိုမှာ မွေးဖွားခဲ့ကာ ဂျာမနီမှာ အနုပညာကို လေ့လာခဲ့ပြီး၊
ရုရှားနှင့်ဂျာမနီမှာ ကာလအတော်ကြာ နေထိုင်ခဲ့ကာ (၁၉၄၄)ခုနှစ်က ပြင်သစ်နိုင်ငံမှာ ကွယ်လွန်ခဲ့တာ
ဖြစ်ပါသည်။ ၄င်းရဲ့လက်ရာများကို ဆိုဗီယက် ပြတိုက်များမှာ ပြသခွင့်အား ပိတ်ပင်ထားပြီး၊
၎င်းရဲ့လက်ရာပေါင်း ရာကျော်ကိုလည်း နာဇီခေတ်အခါက ဖျက်ဆီးခံလိုက် ရပါသေးသည်။ ၂၀ရာစုခေတ်
အစောပိုင်း လက်ရာများဟာ လေလံတင်မယ်ဆိုရင် ပန်းချီကား တစ်ကားကို ဒေါ်လာသန်း (၂၀)အထိတန်ကြေး
ရှိကြောင်းလည်း သိရှိရပါသည်။
No comments:
Post a Comment