စပိန်နိုင်ငံ မက်ဒရစ်အေတိုချာ ပင်မ
မီးရထားဘူတာတွင် ဗုံးလန့်မှုဖြစ်ပွားပြီးတဲ့နောက် အရေးပေါ်ကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ရကာ
အခုအခါပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရပါသည်။ ၂၀ဝ၄ ခုနှစ်ကလည်း အစ္စလမ်မစ် ဘာသာရေး
အကြမ်းဖက်များ၏ ဗုံးများဖောက်ခွဲခဲ့မှုကြောင့် အဆိုပါ ဘူတာရုံတွင် လူပေါင်း (၁၉၁) ဦး
သေဆုံးခဲ့ဖူးပါသည်။ ဓာတ်ရထားပေါ်မှ အမျိုးသားတစ်ဦးက အသေခံဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်ခဲ့ချိန်မှာ
ခရီးသွားနောက်တစ်ဦးက အရေးပေါ်ဘရိတ်ဆွဲခဲ့ကြောင်း စပိန်ရဲတပ်ဖွဲ့က ပြောပါသည်။ ဗုံးမရှိပါဘဲ
ခြိမ်းခြောက်ခဲ့သူကို ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment