အင်ဒိုနီးရှားနိုင်ငံရှိ အမေရိကန်သံရုံးသည်
ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် ဆူယာဘာယားရှိ ၄င်းတို့၏ နိုင်ငံသားများအတွက် လုံခြုံရေးသတိပေးချက်တစ်ရပ်ကို
ထုတ်ပြန်ခဲ့ပြီး ‘ဟိုတယ်၊ ဘဏ်၊ သံရုံးများကို ပစ်မှတ်ထား တိုက်ခိုက်မယ်ဆိုသည့် ခြိမ်းခြောက်မှုများ
ရခဲ့တာကြောင့်ဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားသည် (၂၀ဝ၀) ခုနှစ် တုန်းကလည်း နိုင်ငံခြားသားများနှင့်
အစိုးရ၏ ဖွဲ့စည်းပုံများကို မကြိုက်တာကြောင့် ပစ်မှတ်ထားပြီး နည်းပေါင်းစုံနှင့် အကြမ်းဖက်
တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးပါသည်။ အီရတ်နှင့် ဆီးရီးယားရှိ လက်နက်ကိုင်များဆီသို့
အင်ဒိုနီးရှားပေါင်း ရာချီကာ ပြီးခဲ့သည့် လများက သွားရောက်ဖို့ကြိုးစားခဲ့ကြတာကိုလည်း
တွေ့ခဲ့ရတာကြောင့် အခုလို သတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment