Thursday, January 29, 2015

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် အထူးကုဆရာဝန်ကြီးများက အခမဲ့ ကွင်းဆင်း ဆေးကုသမှုဆောင်ရွက်

ကျေးလက်နေ ပြည်သူများ ဆင်းရဲမှုလျော့ကျပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံကျတဲ့ ကျန်းမာကောင်းမွန်စေရန် အတွက် ကျန်းမာရေးဦးစီးဌာန အနေနဲ့ ဇန်နဝါရီလ (၂၉)ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာမှာ အထူးကုဆရာဝန်ကြီးများက ကျေးရွာရောက် အခမဲ့ ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ခဲ့ပါသည်။ အထူးကုဆရာဝန်ကြီးများ၏ ဆေးကုသမှု၊ ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်နယ် လူမှုရေးဝန်ကြီး ဦးချစ်လှိုင်နဲ့ တာဝန်ရှိသူများက သက်ကြီး ဘိုးဘွားများအား ပူဇော် ကန့်တော့ကာ ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။ ဆေးကုသမှု အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကြောင့် ပြည်သူများ၏ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုစေပြီး ငွေကုန်ကြေးကျလည်း သက်သာလာမှာ ဘဲဖြစ်ပါသည်။

No comments:

Post a Comment