Thursday, January 29, 2015

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လီဆူခရစ်ယာန် ဘုရားကျောင်းခန်းမ ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်တော်ရပ်ကွက်၊ နယ်မြေ(၅)မှာ ဆောက်လုပ်ပြီးစီးသွားတဲ့ လီဆူခရစ်ယာန် ဘုရားကျောင်းခန်းမ ဖွင့်ပွဲကို ဇန်နဝါရီလ (၂၄)ရက်နေ့က အဆိုပါ ဘုရားရှိခိုးကျောင်း မုခ်ဦးရှေ့မှာ ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားမှာ ဓမ္မဆရာဦးဝူဆီယက ကျမ်းစာဖတ် အဖွင့်ဆုတောင်းကာ ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသား ရေးရာဝန်ကြီး ဆီဖာဂွါအားဆီ၊ သိက္ခာတော်ရ ဆရာဦးဆော်အားဆီနဲ့ ဦးငွါးဆာရဲ့တို့က ဘုရားကျောင်းဆောင်သစ်အား ဖွင်းလှစ်ပေးခဲ့ကြပါသည်။ အဆိုပါ ဘုရားကျောင်းဆောင်သစ်မှာ အလျားပေ(၁၂၀)၊ အနံ(၅၅)ပေ၊ အမြင့် (၂၅)ပေရှိ၊ သွပ်မိုး RC နံကပ် သံမံတလင်းခင်း အမျိုးအစားဖြစ်ကာ အနယ်နယ်အရပ်ရပ်မှ လီဆူတိုင်းရင်းသားများ၏ စုပေါင်းအလှူထည့်ဝင်ငွေဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment