Saturday, January 31, 2015

ပန်းလှိုင် မြစ်ကြောင်း ပြန်လည် တူးဖော်ရေး စီမံကိန်း လုပ်ငန်းများအား မိုးမကျမီ ပြီးစီးရေး ဆောင်ရွက်လျက်ရှိ

ဇန်န၀ါရီလ (၃၁) ရက် မနက် (၁၁) နာရီက လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ၊ ရန်ကုန် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်း လိုက်ပါလျက် စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ဆည်မြောင်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ပန်းလှိုင် မြစ်ကြောင်း ပြန်လည် တူးဖော်ခြင်း လုပ်ငန်းပြ မြေပုံဖြင့် မြစ်ကြောင်း တစ်လျှောက် စက်ယန္တရား အင်အားဖြန့်ခွဲပြီး အကောင် အထည်ဖော်ပြီးစီးမှု အခြေအနေနှင့် အချိန်မှီ အချိန်ကိုက် ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်နေမှု ၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့အား ပေါင်းစည်း ဆက်စပ်နေသော မြစ်ကြောင်း စီမံကိန်းအား ဘက်စုံ ၊ အကျိုး ဖြစ်ထွန်းစေရန် မြစ်ကြောင်းအား ပြန်လည် တူးဖော်ခြင်း လုပ်ငန်းနှင့် တချိန်တည်း တပြိုင်တည်း ပန်းလှိုင်မြစ်နှင့် က္ကိုဝမြစ်တို့ ပေါင်းဆုံရာ မြစ်ဝနေရာနှင့် ပန်းလှိုင်မြစ်နှင့် လှိုင်မြစ်တို့ ပေါင်းဆုံရာ မြစ်ဝနေရာများ၌ ရေထိန်းတံခါး အခိုင်အမာတပ်ဆင် တည်ဆောက်ရန် လိုအပ်သော လုပ်ငန်းများကို နယ်သာလန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့၏ အထောက်အပံ့ဖြင့် ဒီဇိုင်းပုံစံ ရေးဆွဲခြင်း ၊ လုပ်ငန်း အကောင် အထည်ဖော်ခြင်းနှင့် အကြိုလေ့လာ စူးစမ်း ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြပါသည်။ တင်ပြချက် အပေါ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က နိုင်ငံတော် သမ္မတ၏ လမ်းညွှန် ချက်နှင့်အညီ ရေရှည် တည်တံ့ခိုင်မြဲသော အကျိုးရလဒ်များကို ဒေသနေ ပြည်သူလူထုတို့ ရရှိ ခံစားနိုင်ရေးကို အချိန်မှီ အချိန်ကိုက် ဆောင်ရွက်ရန် လုပ်ငန်းများနှင့် နိုင်ငံတကာ အထောက်အပံ့ အကူအညီများ ၊ ပညာရှင်များအားကို ရယူ၍ လုပ်ဆောင်ရန် ရှိသော လုပ်ငန်းများကို ဟန်ချက် ညီစွာဖြင့် စီမံချက်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အနိမ့်ပျံလေယာဉ် ကာရာဗန် အမျိုးအစား XY-AJK ဖြင့် မင်္ဂလာဒုံလေဆိပ်မှ လှိုင်မြစ်ဝမှ က္ကိုဝမြစ်ဝအထိ အရှည် (၃၄.၅)မိုင် ၊ အကျယ် (၁၅၀) ပေ၊ အနက် (၁၈)ပေ ရှိသော ပန်းလှိုင် မြစ်ကြောင်း တစ်လျှောက် မြစ်ကြောင်း ပြန်လည် တူးဖော်ခြင်း လုပ်ငန်းကို စက်ယန္တရား ကြီးများဖြင့် ဖြန့်ခွဲ ဆောင်ရွက်နေမှုများကို အသေးစိတ် မှတ်တမ်းတင် ရိုက်ကူးခြင်း၊ လေကြောင်းမှ တွေ့ရှိချက်များ အပေါ် လုပ်ငန်းတိုးတက် အကောင် အထည်ဖော်နေမှုနှင့် အချိန်ကိုက် ပြီးစီးရေး အတွက် ဖြည့်တင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြေပြင် တူးဖော်ခြင်းလုပ်ငန်းများ မြေစာများအား လမ်းခင်းခြင်းများကို လည်းကောင်း ၊ ပန်းလှိုင် မြစ်ကူး တံတားမှ မြစ်ကြောင်းတစ်လျှောက် တူးဖော်ပြီးစီးမှု အခြေအနေများကို အသေးစိတ် ကြည့်ရှု စစ်ဆေးပါသည်။ ဤစီမံကိန်း ပြီးစီးပါက ပန်းလှိုင် မြစ်ကြောင်း ဝဲ/ယာ တလျှောက် လယ်မြေဧက (၁၂၀၀၀၀) အား ရေကြီး နစ်မြုပ်မှုမှ ကာကွယ်နိုင်ခြင်း မိုးစပါး ၊ နွေစပါး အောင်မြင်စွာ စိုက်ပျိုးရန် လုံလောက်သော ရေချိုများ ထိန်းသိမ်း ဖြန့်ဝေနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment