Wednesday, January 28, 2015

အခုနှစ်ပဲပေါ်ချိန်ပဲဈေးကောင်းနိုင်ဖွယ်ရှိ



ပြည်တွင်းရှိ ပဲဈေးကွက်အတွင်းတွင် လက်ကျန်ပဲနည်းပါးမှုနှင့် ပြည်ပမှကြိုတင်အော်ဒါမှာယူမှုတွေ ရှိနေသည့်အတွက် ၂၀၁၅ခုနှစ်၏ ပဲစတင်ပေါ်ချိန်မှာ ပဲစိုက်တောင်သူတွေဈေးကောင်း ရရှိနိုင်ဟု သိရပါသည်။ ၂၀၁၄ ခုနှစ်က မတ်ပဲတစ်တန်လျှင် ကျပ်ခြောက်သိန်းဖြင့် ဈေးကွက်ရရှိခဲ့ပြီး အခုအခါ ကျပ်ရှစ်သိန်းကျော် ပေါက်ဈေးရှိနေကြောင်း သိရပါသည်။ ပဲစင်းငုံအနေနှင့် မနှစ်က တစ်တန်လျှင် ကျပ်ခြောက်သိန်းရှိခဲ့ပြီး ယခုအခါ ကျပ်ရှစ်သိန်းနီးပါးရှိနေပြီး ပဲတီစိမ်းမှာ စတင်ပဲပေါ်ချိန်ကတည်းက တစ်တန်လျှင် ဆယ့်တစ်သိန်း နီးပါးနှင့် ဈေးစတင်ခဲ့ပြီး လက်ရှိပေါက်ဈေးမှာ ကျပ်ဆယ့်တစ်သိန်းကျော်ရှိနေသည်ဟု သိရပါသည်။ ပဲစိုက်ပျိုးသည့် တောင်သူတွေအနေနှင့် စိုက်ပျိုးဧကများပြီး ပဲနှုန်းအထွက်တိုးဖို့ဆိုရင် ရာသီဥတုကောင်းမွန်ရန် အဓိကကျသည်ဟု သိရပါသည်။ နှစ်တစ်နှစ်၏ ပဲပေါ်ချိန်တွေက ဇန်နဝါရီလ၊ ဖေဖေါ်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့ဖြစ်ကြောင်း သိရပါသည်။ ပြည်ပကို တင်ပို့လိုက်သည့် ပဲအမျိုး (၂၀)ကျော်ရှိပြီး အဓိကတင်ပို့သည့်ပဲတွေက ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံတို့ဖြစ်ကြောင်း သိရပါသည်။ တင်ပို့သည့်နိုင်ငံများက အိန္ဒိယ၊ တရုတ်၊ အာဆီယံ နိုင်ငံများနှင့် EU တို့ဖြစ်ပြီး အိန္ဒိယနိုင်ငံကို ပြည်ပပဲတင်ပို့မှု၏ (၇၀)ရာခိုင်နှုန်းကျော်ကို ပို့ဆောင်ရသည်ဟု သိရပါသည်။ ပြည်ပကို ဘော်ဒါထရိတ်နှင့် နော်မယ်ထရိတ်ဆိုပြီး ကုန်သွယ်ရာတွင် ဘော်ဒါထရိတ်က (၉၅)ရာခိုင်နှုန်း၊ နော်မယ်ထရိတ်က (၅)ရာခိုင်နှုန်းဖြင့် ကုန်သွယ်မှုရှိကြောင်း သိရပါသည်။ ၂၀၁၄ခုနှစ်တွင် ပဲစင်းငုံတန်ချိန် (၂)သိန်းနီးပါးကို ပြည်ပသို့တင်ပို့ခဲ့ရပြီး၊ ပဲတီစိမ်းကိုတန်ချိန် (၂)သိန်းကျော်၊ မတ်ပဲကိုတန်ချိန် (၅)သိန်းကျော် တင်ပို့ခဲ့ရကြောင်း သိရပါသည်။ 

No comments:

Post a Comment