မြန်မာ့ရုပ်ရှင်လုပ်ငန်းကျဆင်းရခြင်း၏ အကြောင်းရင်းများထဲတွင်
ပြသဖို့ရုပ်ရှင်ရုံများနည်းပါး လာခြင်းကြောင့်ဖြစ်သည်ဟု မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ
တာဝန်ရှိသူတစ်ဦးက ပြောကြောင်း သိရပါသည်။ ရုပ်ရှင်ရုံများကို ပုဂ္ဂလိကပိုင်များ အဖြစ်ရောင်းချခဲ့ရာတွင်
အများစုမှာ မြေနေရာအတွက် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းမြေနေရာများတွင် စီးပွားရေးအရ တွက်ခြေကိုက်သည့်
အထပ်မြင့်အဆောက်အအုံများ ပြောင်းလဲ တည်ဆောက်ပြီး ရုပ်ရှင်ရုံသီးသန့်အဖြစ် ပြန်လည် တည်ဆောက်ခြင်းက
အနည်းစုပဲ ရှိသေးသည်ဟု သိရပါသည်။ ယခုလက်ရှိ မြန်မာတစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံ
(၂၇)ရုံသာရှိပြီး တန်းစီစနစ်ဖြင့် မြန်မာဇာတ်ကားနှင့် အင်္ဂလိပ်ဇာတ်ကားကို ပြသနေကြောင်း
သိရပါသည်။ ၂၀ဝ၀ခုနှစ်မတိုင်ခင်က တစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံပေါင်း (၁၈၇)ရုံရှိခဲ့သော်လည်း
အခုလက်ရှိတွင် ဆောက်လုပ်ဆဲ ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံများအပါအဝင် စုစုပေါင်း (၃၂)ရုံသာ
ရှိသည်ဟု သိရပါသည်။ သို့သော် ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချခဲ့သည့် (၂၈)ရုံကို ယခုနှစ်
၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်အတွင်းတွင် ထည့်သွင်းတည်ဆောက်မှာ ဖြစ်ပြီး ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်အတွင်းမှာ
(၆၁)ရုံ ထပ်မံတည်ဆောက်သွားရန် ညှိနှိုင်းထားပြီးဖြစ်သည်ဟု သိရပါသည်။ ကျန်ရုပ်ရှင်ရုံပေါင်း
(၆၆)ရုံ၏ နှစ်အလိုက်စီမံကိန်းကို သတင်းထုတ်ပြန်ခြင်းမရှိသေးဟု သိရပါသည်။ ရုပ်ရှင်လုပ်ငန်း
တိုးတက်လာစေရန် အကြောင်းရင်းတစ်ရပ်ဖြစ်သည့် ခေတ်မှီရုပ်ရှင်ရုံများပေါ်ပေါက် လာစေရေးအတွက်
Junction ရုပ်ရှင်ရုံအုပ်စုနှင့်
ကိုရီးယားနိုင်ငံ CJ Entertainment တို့ပူးပေါင်းပြီး
၂၀၁၇ခုနှစ် နောက်ဆုံးထားပြီး ရုပ်ရှင်ရုံ (၂၀)ကိုတည်ဆောက်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က
ခွင့်ပြုချက် ပေးထားပြီလို့ သိရပါသည်။ အဆိုပါစီမံကိန်းကို ရန်ကုန်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှာ
ရုပ်ရှင်ရုံများ တည်ဆောက်သွားမည်ဖြစ်ပြီး၊ ပထမဦးစွာ မန္တလေးမြို့၌ Screen
(၃)ခုပါသည့် ရုပ်ရှင်ရုံကို တည်ဆောက်ရန် စီစဉ်နေသည်ဟု သိရပါသည်။
No comments:
Post a Comment