Tuesday, January 27, 2015

တားမြစ်ဆေး သုံးစွဲမှုကြောင့် စက်ဘီးပြိုင်ပွဲများနှင့် ဝေးနေရသည့် လန့်စ်အမ်းစထရောင်း

တားမြစ်ဆေး သုံးစွဲမှုများကြောင့် စက်ဘီးပြိုင်ပွဲများနှင့် ဝေးနေရတဲ့ လန့်စ်အမ်းစထရောင်းက အရင်နှစ်များစွာက ဘယ်လိုပဲ ရှိခဲ့ရှိခဲ့လာမည့် (၂၀၁၅)မှာသာပါဝင် ယှဉ်ပြိုင်ခွင့်တွေ ရရှိမယ်ဆိုရင်ဒါမျိုး နောက်ထပ်တစ်ဖန် မဖြစ်စေရတော့ ပါဘူးလို့ ဘီဘီစီနှင့် အင်တာဗျူး တစ်ရပ်မှာ ပြောကြားခဲ့ပါသည်။ အမ်းစထရောင်းသည ကင်ဆာဝေဒနာ ကိုခံစားခဲ့ပြီးနောက် ပြန်လည်ကာ အသက်ရှင် လွတ်မြောက်လာကာ စက်ဘီးအားကစားမှာ အများထက် ပိုမိုထူးချွန်ခဲ့ သူလည်းဖြစ်ပြီး တိုးဒီဖရန့်စ်မှာ (၇)ကြိမ်တိုင်တိုင် ချန်ပီယံဖြစ်ခဲ့ကာ၊ (၂၀၁၂)ကစပြီး တားမြစ်ဆေး သုံးစွဲကြောင်း တွေ့ရှိပြီးနောက်မှာ စက်ဘီးပြိုင်ပွဲ အရပ်ရပ်ကနေ ထုတ်ပယ်ခြင်း ခံခဲ့ရသူ ဖြစ်ပါသည်။ တစ်ဖြည်းဖြည်းနှင့် တားမြစ်ချက်တွေ ပယ်ဖျက်ခွင့် ရရှိခဲ့မယ်ဆိုရင်တော့ အမ်းစထရောင်း အနေနှင့် ပြိုင်ပွဲများကို ပြန်လည်ယှဉ်ပြိုင်ဖွယ် ရှိနေကြောင်းလည်း သိရှိရပါသည်။


No comments:

Post a Comment