ပြင်သစ်နိုင်ငံ၏ ပဲရစ်ဖက်ရှင်ဝိခ့်
အဖြစ် (ဒီယော) ၏ ဖက်ရှင်ပြပွဲကို ပဲရစ်ရှိ ရိုဒင်ပြတိုက်မှာ ကျင်းပခဲ့ပြီး (၂)ထပ်ရှိသော
လျှောက်လမ်းမှာ ပန်းရောင်အခင်းကို ခင်းထားကာ ပတ်ပတ်လည်မှာတော့ ပိုက်လုံးများဖြစ်ကာ
(၇၀)ခုနှစ် များဆီက ပုံစံအတိုင်း ပြင်ဆင်ထားတာ ဖြစ်ပါသည်။ ဒီယော၏ ဖန်တီးမှုဒါရိုက်တာ
ရက်ဖ်ဆိုင်မွန်စ်သည် ဖက်ရှင်ဒီဇိုင်း အသစ်များအတွက် ဂီတသံစဉ်ကိုတော့ ဒေးဗစ်ဘိုဝီးနှင့်
ဖျော်ဖြေဖို့ စီစဉ်ခဲ့ပါသည်။ ယခုရှိုးပွဲမှာ ပြသခဲ့တဲ့ ဝတ်စုံပေါင်း (၄၆)ထည်စလုံးဟာ
ယခင်နှစ်များက အစများကိုပါ ရောနှောချုပ်လုပ် ထားတာဖြစ်ပြီး သိုးမွှေးနှင့် ဆွဲဆောင်မှု
ရှိစေသော ပလတ်စတစ်စ များအပြင်(၅၀)နှင့် (၆၀)ခုနှစ်များဆီက သားရေစများကိုပါ ထည့်သွင်းချုပ်လုပ်
ထားတာ ဖြစ်ပါသည်။ ဒီယောဟာ ကမ္ဘာ့နံပါတ်(၁) တန်ဖိုးရှိဈေးကြီး ကောင်းမွန်သော အမှတ်တံဆိပ်များ
အနက်မှတစ်ခု ဖြစ်ကြောင်းလည်း သိရှိရပါသည်။
No comments:
Post a Comment