Thursday, January 29, 2015

ဆီဘောက်စာကားမှ ဆီလှောင်ကန်ထဲသို့ ဆီဖြည့်စဉ် မီးလောင်မှုတစ်ခု ဖြစ်ပွား

ဇန်န၀ါရီလ (၂၉) ရက်နေ့ ညနေ(၄)နာရီ (၅၅)မိနစ်အချိန်တွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် (၃၉)လမ်း၊ ၈၁၊၈၂ လမ်းကြားရှိ အောင်မေတ္တာဆီဆိုင်မှာ ဆီဘောက်စာကားမှ ဆီလှောင်ကန်ထဲသို့ ဆီဖြည့်စဉ် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါသည်။ မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ် (၅၅)စီး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၁၇၅)ဦး၊ သန္ဓေတပ်ဖွဲ့ဝင် (၇၅)ဦး အုပ်ချုပ်ရေးယာဉ် (၃)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ညနေ(၅)နာရီ (၂၅)မိနစ်တွင် မီးငြိမ်းသတ်နိုင် ခဲ့ပါတယ်။ မီးလောင်မှုဖြစ်စဉ်ကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၂၄)သိန်းရှိတယ်လို့ သိရပါသည်။


No comments:

Post a Comment