Nature Documentary ထုတ်လွှင့်သူ Sir David Attenborough သည် လန်ဒန် တိရိစ္ဆာန်ရုံတွင် ၄င်း၏ နောက်ပြမည့် TV Show အတွက် (David Attenborough
Natural Curiosity) အကြောင်းကို
ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရပါသည်။ ထင်ရှားပြီး လူကြိုက်များလှသည့် ၄င်း၏အစီအစဉ်
မှာ သာမန်ထက် ထူးကဲသော မျိုးစိတ်များနှင့် မျိုးမတူ တစ်မှုထူးခြားသော သတ်တဝါများရဲ့
စိတ်ဝင်စားဖွယ်ရာ အချက်များကို တင်ပြသွားမယ်လို့ ဆိုပါသည်။ (တစ်နာရီကို (၅၈)မိုင်လောက်
ပြေးနိုင်ရင်ကို အံ့ဩစရာပါ။ သို့ပေမဲ့ ချီတာတွေက မိုင်(၇၀)အထိ ပြေးနိုင်ပါသည်။ အကြောင်းကတော့
သားကောင် လိုက်တဲ့အခါမှာ မယုံကြည် နိုင်လောက်တဲ့ အားထုတ်မှုတွေ ထွက်ရှိလာလို့ပဲ ဖြစ်ပါသည်။
အလားတူပဲ သန်းဆိုတာဟာ အကောင်သေး သော်လည်း ခုန်ပျံနိုင်မှုမှာတော့ အားလုံးထက် သာတာကို
သိကြရပါသည်။ သန်းတစ်ကောင်ရဲ့ ခုန်ပျံနိုင်မှု ခွန်အားကို ယှဉ်ချင်ရင်တော့ လူတစ်ယောက်ဟာ
အဆောက်အဦး တစ်ခုကို ခုန်ပျံကျော်လွှား ပြနိုင်ရပါလိမ့်မယ်။ ဒါမှစွမ်းရည်ချင်း တူပါလိမ့်မယ်။)
ဟု Attenborough က ရှင်းပြခဲ့ပါသည်။ Attenborough သည် အသက်(၈၈)နှစ် ရှိပြီဖြစ်ကာ နှစ်ပေါင်း(၆၀)ကြာ
မှတ်တမ်းရုပ်ရှင်များကို ရိုက်ကူးတင်ဆက် ခဲ့သူလည်းဖြစ်ပြီး အစီအစဉ်ပေါင်း များစွာကို
ထုတ်လုပ်ခဲ့ကာ ဘီဘီစီမှာလည်း အစီအစဉ်မှူးနှင့် ဒါရိုက်တာ ရာထူးများကို ထမ်းဆောင်ခဲ့ဖူးသူ
ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ ရိုက်ကူးမှုတွေ လုပ်ခဲ့သော်လည်း နောက်ထပ်ကွဲပြား ခြားနားတဲ့
တိရိစ္ဆာန်တွေကို ရိုက်ကူးစရာ ကျန်နေသေးကာ ကုန်နိုင်ဖွယ်မရှိလို့ ပြောကြားခဲ့ပြီး David Attenborough ၏ TV Series အသစ်ကိုတော့ လာမည့် ဖေဖော်ဝါရီ
လ(၂)ရက် တနင်္လာနေ့ ညကစပြီး ထုတ်လွှင့်ပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါသည် ။
No comments:
Post a Comment