Tuesday, February 3, 2015
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့နှင့် Alexandria မြို့များတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်အီဂျစ်နိုင်ငံ ကိုင်ရိုမြို့နှင့် Alexandria မြို့များမှာ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။ ကိုင်ရိုမြို့လယ်မှာ ဖေဖော်ဝါဂီလ (၃)ရက်နေ့က ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိကြောင်း တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် တနင်္လာနေ့ညက အီဂျစ်နိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် (Alexandria)မြို့ရှိ ကလပ်တစ်ခု၏ အ၀င်မှာ ဗုံးပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုများနဲ့ ပတ်သက်ပြီး တုန့်ပြန်ပြောကြားမှုများ မရှိသေးပေမဲ့ ပေါက်ကွဲမှုကြောင့် ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ရကြောင်း သိရပါသည်။ ပြီးခဲ့သည့် အင်္ဂါနေ့က ခရီးသည်များ ဆိုက်ရောက်ရာနေရာအတွင်းမှာ ဗုံး(၂)လုံးတွေ့ရှိပြီးနောက် ကိုင်ရိုလေဆိပ်အတွင်း လုံခြုံရေးများ တင်းကြပ်ထားပါသည်။ အီဂျစ်နိုင်ငံမှာ အကြမ်းဖက် လက်နက်ကိုင်များက အီဂျစ်အစိုးရ၏ တပ်ဖွဲ့ဝင်များအား ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment