IS အကြမ်းဖက်များက ဓါးစာခံအဖြစ် ဖမ်းဆီးထားပြီး
ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့သည့် ဂျော်ဒန်လေယာဉ်မှူးအတွက် ဂျော်ဒန်ဘုရင် အဘဒူလာက ၀မ်းနည်းကြောင်း
ပြောကြားခဲ့ပြီး ဂျော်ဒန်အစိုးရကတော့ ၄င်းဖြစ်ရပ်အတွက် ပြင်းပြင်းထန်ထန် ပြန်လည်တုန့်ပြန်မှာ
ဖြစ်ကြောင်း ကတိပြု ပြောကြားလိုက်ပါသည်။ IS တို့မှ ဂျော်ဒန်လေယာဉ်မှူး ခါဆာဘက်ခ်ျကို
အချုပ်ခန်းထဲမှာပဲ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည့် ဗီဒီယိုဖိုင်ဟာ ဖေဖော်ဝါဂီလ
(၃)ရက်နေ့က ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ၄င်းအချိန်ဟာ ဂျော်ဒန်ဘုရင် အဘဒူလာဟာ အမေရိကန်သို့
သွားရောက်လည်ပတ်ခဲ့ပြီး အမေရိကန်မှ ဂျော်ဒန်သို့ ထောက်ပံ့ငွေများ တိုးမြှင့်ပေးအပ်သွားမယ်လို့
ကြေညာလိုက်သည့်နေ့နဲ့ တိုက်ဆိုင်နေပါသည်။ ၄င်းသတ်ဖြတ်မှုဟာ တစ်ကမ္ဘာလုံးကို ဒေါသထွက်စေခဲ့ပြီး
ဂျော်ဒန်အစိုးရအနေနဲ့ အကြမ်းဖက်များကို လက်တုန့်ပြန် နှိမ်နှင်းဖို့အတွက် အလျင်အမြန်
ဆောင်ရွက်သွားမှာဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ ဂျပန်ဝန်ကြီးချုပ်
ရှင်ဇိုအာဘေးကလည်း ရန်စစော်ကားသည့် ၄င်းသတ်ဖြတ်မှုအတွက် လွန်စွာဝမ်းနည်း ဒေါသထွက်ရပါကြောင်း၊
ဂျပန်နိုင်ငံအနေနဲ့ IS အကြမ်းဖက်များ၏ လုပ်ရပ်တွေကို လုံးဝလက်ခံ ခွင့်လွတ်မှာ မဟုတ်ကြောင်း
ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။
No comments:
Post a Comment