Monday, February 2, 2015

ရန်ကုန်မြို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် Analogue စနစ်နှင့် ဒစ်ဂျစ်တယ်စနစ်(DVB-T2)တို့ဖြင့် ရုပ်မြင်သံကြား ထုတ်လွှင့်မှု အစီအစဉ်များ အသိပေးတင်ပြခြင်း

၁။ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် Analogue စနစ်မှ ဒစ်ဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်း ထုတ်လွှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပထမအဆင့် (၄) ရုံ၊ ဒုတိယအဆင့် (၂၂) ရုံတို့ကို တပ်ဆင်ဆောင်ရွက် ခဲ့ပြီး တတိယအဆင့် (၆၉) ရုံအနက် (၂၁) ရုံတွင် ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။ ကျန်ရှိသည့် စက်ရုံများတွင် စက်ပစ္စည်းများ တပ်ဆင်နိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာ့အသံနှင့် ရုပ် မြင်သံကြား လက်အောက်ရှိ ကျန်ရှိသည့် စက်ရုံများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။ ယခုအခါ ရန်ကုန်မြို့တွင် ဒစ်ဂျစ်တယ် Free To Air (FTA) ရုပ်သံလိုင်း ရှစ်လိုင်းအား လှိုင်းနှုန်းချန်နယ် E-21(470-478 MHz)၊ E-23(486-494 MHz)နှင့် E-24(494-502 MHz) တို့ဖြင့် ထုတ်လွှင့် လျက်ရှိပါကြောင်း ပြည်သူလူထုသို့ အသိပေး တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ဆက်လက်၍ အသစ် တည်ဆောက်ပြီးသော ၂ဝဝ မီတာ တာဝါမှနေ ၍ 3 KW Rohde & Swartz လွှင့်စက် လှိုင်းနှုန်း E-31(550-558 MHz)ဖြင့် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ထပ်မံ ထုတ်လွှင့် လျက်ရှိပါသည်။ ယင်းကဲ့သို့ ထုတ်လွှင့်ရာတွင် မူလထုတ်လွှင့်ခဲ့သည့် လှိုင်းနှုန်းE-21၊ 23၊ 24 တို့နှင့်အတူ လှိုင်းနှုန်းE-31 ကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်အထိ အပြိုင် ထုတ်လွှင့်ပေးသွားမည် ဖြစ်ပါသည်။ ထို့နောက် ဖေဖော်ဝါရီလ ၈ ရက်မှစ၍ လှိုင်းနှုန်း E-31(550-558 MHz) တစ်ခုတည်းဖြင့်သာ ဒစ်ဂျစ်တယ် FTA လိုင်း ရှစ်လိုင်းအား ထုတ်လွှင့် ပေးသွားမည်ဖြစ်ပါကြောင်း အသိပေး တင်ပြအပ် ပါသည်။ ရန်ကုန်မြို့ရှိ မိဘပြည်သူများအနေဖြင့် DVB-T2 Set-top Box များ၊ DVB-T2 Tuner ပါသော ရုပ်သံဖမ်းစက်များတွင် ပြန်လည်၍ ချိန်ညှိဖမ်းယူရမည် ဖြစ်ပါသည်။

၃။ ရန်ကုန်မြို့၌ MRTV ချန်နယ်ကို Analogue စနစ်ဖြင့် ထုတ်လွှင့်မှုနှင့် ပတ်သက်၍လည်း လက်ရှိ ထုတ်လွှင့်လျက်ရှိသော လှိုင်းနှုန်း J-6(182-188 MHz) အပြင် လှိုင်းနှုန်း E-35(582-590 MHz)ဖြင့် ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ ဖေဖော် ဝါရီလ ၁၄ ရက်အထိ Daul Cast လွှင့်စက် အသစ်ဖြင့် အပြိုင်ထုတ်လွှင့်ပေးသွားမည် ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၅ ရက်မှစ၍ လှိုင်းနှုန်း J-6 ဖြင့် MRTV Analogue ချန်နယ် ထုတ်လွှင့်မှုကို ရပ်ဆိုင်းပြီး လှိုင်းနှုန်း E-35(582-590 MHz) တစ်ခုတည်းဖြင့် MRTV Analogue ချန်နယ်ကို ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။ ဆက်လက်၍ ဖေဖော် ဝါရီလ ၁၅ ရက်မှစ၍ လိုင်းနှုန်း J-6 ဖြင့် MRTV Entertainment ချန်နယ်ကို စတင်၍ ထုတ်လွှင့် ပေးသွားပါမည်ဖြစ်ရာ ရန်ကုန်မြို့တွင် Analogue စနစ်ဖြင့် ထုတ်လွှင့်သော MRTV နှင့် MRTV Entertainment ချန်နယ် (၂) ခု၊ Digital FTA ရုပ်သံ လိုင်း (၁၄) လိုင်းပါသော ချန်နယ် တစ်ခု စုစုပေါင်း ချန်နယ်သုံးခုဖြင့် ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါသည်။

၎။ အလားတူ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ DVB-T2 ဒစ်ဂျစ်တယ် လွှင့်စက်များ တပ်ဆင်ပြီးသော ထပ်ဆင့်လွှင့်စက်ရုံ (၄၇) ရုံမှလည်း ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်မှစတင်၍ မူလ ထုတ်လွှင့်သည့် ဒစ်ဂျစ်တယ် FTA ရုပ်သံလိုင်း ရှစ်လိုင်းမှ ၁၄ လိုင်းသို့ တိုးချဲ့ ထုတ်လွှင့်ပေး သွားမည်ဖြစ်ပါသည်။ တိုးချဲ့ ထုတ်လွှင့်ပေးသွားမည့် ရုပ်သံလိုင်းများမှာ MRTV၊ MRTV Entertainment၊ MITV၊ လွှတ်တော်၊ တိုင်းရင်းသား (NRC)၊ Farmer၊ Reader၊ Sport-1၊ Sport-2၊ MRTV-4၊ Channel-7၊ 5 Plus၊ MNTV၊ Channel-9 တို့ ဖြစ်ပါသည်။

၅။ မိဘပြည်သူများအနေဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်လျက်ရှိသောMRTV Analogue ရုပ်သံလိုင်း၊ ဒစ်ဂျစ်တယ်စနစ် DVB-T2 ဖြင့် ထုတ်လွှင့်သော ရုပ်သံလိုင်းများ အား သက်ဆိုင်ရာ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံများမှ ဖမ်းယူကြည့်ရှုရာတွင် VHF စနစ် ဖြင့် ထုတ်လွှင့်သော ချန်နယ် (J- ချန်နယ်များ) ကို VHF Antenna ဖြင့် လည်းကောင်း၊UHF စနစ်ဖြင့် ထုတ်လွှင့်သော ချန်နယ် E-ချန်နယ် များကို UHF Antenna ဖြင့်လည်းကောင်း ဖမ်းယူကြည့်ရှုရမည်ဖြစ်ပါသည်။ အချို့ Antenna များမှာ VHF/UHF နှစ်မျိုးကို ဖမ်းယူရရှိနိုင်ပါ သည်။

၆။ ရုပ်မြင်သံကြားဖမ်းစက်များတွင် Analogue ရုပ်မြင်သံကြားဖမ်းစက်၊ DVB-T Tuner ပါ သော ရုပ်မြင်သံကြား ဖမ်းစက်များတွင် Analogue၊ DVB-T ရုပ်မြင်သံကြားလိုင်းသာ ဖမ်းယူရရှိနိုင်မည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော DVB-T2 ဒစ်ဂျစ်တယ် ရုပ်သံလိုင်းများ ဖမ်းယူကြည့်ရှုလိုပါက DVB-T2 Set-top Box ဝယ်ယူတပ်ဆင်ရမည် ဖြစ်ပါသည်။ ရုပ်မြင်သံကြားဖမ်းစက် အသစ်ဝယ်ယူမည့် မိဘပြည်သူများအနေဖြင့် DVB-T2 Tuner ပါ ရုပ်မြင်သံကြားဖမ်းစက်ကို ဝယ်ယူသင့်ပါသည်။

၇။ ရုပ်မြင်သံကြားလိုင်းများ ဖမ်းယူရာတွင် Antenna ကို စက်ရုံတည်ရှိရာအရပ်သို့ ဦးတည်၍ အမြင့်တစ်နေရာတွင် ခိုင်ခံ့စွာ တပ်ဆင်ရပါမည်။ ယင်းနောက် Set-top Box၊ DVB-T2 TV၊ တို့ရှိ Remote ပါ ခလုတ်များမှ Menu ကို နှိပ်၍ Installation သို့ သွားရပါမည်။ ယင်းနောက် Channel Search တွင် ဘေးမြားနှိပ်၍ ခေတ္တ စောင့်ပါ Progress Page တွင် မိမိတို့နေထိုင်ရာ ဒေသတွင်းရှိ အခမဲ့ထုတ်လွှင့်သော DVB-T/T2 ဒစ်ဂျစ်တယ် ရုပ်သံလိုင်းများ၊ ရေဒီယိုလိုင်းများ ဖမ်းယူရရှိနိုင်ပါမည်။ ယင်းနောက် Exit ခလုတ်ကို နှိပ်၍ မိမိနှစ်သက်ရာ ရုပ်သံလိုင်းများ ဖမ်းယူရရှိ နိုင်မည်ဖြစ်ပါကြောင်း အသိပေး တင်ပြအပ်ပါ သည်။

No comments:

Post a Comment