Jupiter
Ascending ရုပ်ရှင်ဇာတ်ကားကို
အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင် ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် စတင်ရုံတင်ပြသမည်ဖြစ်ကြောင်း
သိရပါသည်။ အနာဂတ်ကမ္ဘာတွင်နေထိုင်သည့် ဂျူပီတာဆိုသည့် မိန်းကလေးတစ်ဦးကို တခြားဂြိုလ်တွင်နေထိုင်သည့်
စင်္ကြာဝဠာကို အုပ်စိုးနေသည့် ဘုရင်မက ရှင်းလင်းပစ်ရန် ကြိုးစားထားပါသည်။ ထိုအခါ ဂျူပီတာကိုယ်တိုင်
ကမ္ဘာမြေကို ကာကွယ်ရန်နှင့် ဘုရင်မ၏ အုပ်စိုးမှုကနေ ကင်းလွတ်အောင် ကြိုးစားပုံကို စိတ်လှုပ်ရှားဖွယ်တင်ဆက်ထားသည့်
ဇာတ်လမ်းဖြစ်ပါသည်။ ထိုဇာတ်ကားပြသချိန်က (၁၂၇) မိနစ်ရှိပြီး ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာ
(၁၇၅)သန်း အသုံးပြု ထားခြင်းဖြစ်ပါသည်။ ၎င်းဇာတ်ကားကို ဒါရိုက်တာ လာနာဝက်ရှောက်စကီးက ရိုက်ကူး တင်ဆက်ထားခြင်း
ဖြစ်ပြီး သရုပ်ဆောင်များက ချန်းနင်းတာတမ်၊ မီလာကူးနစ်၊ အယ်ဒီရက်ဒ်မေနီ၊ ဒေါက်ကလပ်ဘုတို့အပြင်
တခြားသရုပ်ဆောင်များစွာပါဝင်ထားခြင်းဖြစ်ပါသည်။ ဝင်းနားဘရားသား ကုမ္ပဏီထုတ်လုပ်ရေးက
ဖြန့်ချိထားကြောင်း သိရပါသည်။
No comments:
Post a Comment