Wednesday, February 4, 2015

တိုင်ပေမြစ်ထဲသို့ ထိုးဆင်းပျက်ကျခဲ့သည့် (ထရန့်စ်အေးရှား)လေကြောင်းလိုင်းမှ ခရီးသည် (၃၁) ဦး သေဆုံး၊ ကျန်ခရီးသည်များ၏ ကြမ္မာမသေချာဟု တိုင်ပေမြို့ မီးသတ်ဌာနမှ ဒါရိုက်တာပြောကြား

ဖေဖော်ဝါရီလ (၄)ရက်နေ့က တိုင်ပေလေဆိပ်မှ စတင်ပျံတက်ခဲ့ပြီးတဲ့နောက် တိုင်ပေမြစ်ထဲကို ထိုးဆင်းပျက်ကျသွားခဲ့တဲ့ (ထရန့်စ်အေးရှား)လေကြောင်းလိုင်းမှာ ခရီးသည်(၅၈)ဦးနှင့်အတူ လေယာဉ်ဝန်ထမ်းတွေပါ လိုက်ပါခဲ့ပြီး လက်ရှိအထိတော့ (31)ဦး သေဆုံးသွားပြီလို့ သိရပါသည်။ ကားတစ်စင်း၏ ဒက်ရှ်ဘုတ်ပေါ်မှ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတစ်ခုမှာတော့ ၄င်းလေယာဉ်ကြီးဟာ တံတားပေါ်ကကျော်ပြီး ရေပြင်ထဲသို့ ကျဆင်းသွားပုံကို မြင်တွေ့ရသည်ဟု ဆိုပါသည်။ ဆိုင်ကယ်စီးနင်းသူတစ်ဦး၏ ဓာတ်ပုံများနှင့် တွစ်တာဝက်ဘ်ဆိုဒ်မှာ မြင်တွေ့ရတဲ့ ပုံရိပ်တွေမှာတော့ ရာသီဥတုသာယာနေချိန်မှာ ပျံတက်ခဲ့တဲ့ ATR 72-600 ရေထဲထိုးဆင်းသွားရပုံများကို မြင်တွေ့ရပြီး လေယာဉ်ကြီးဟာ အဆောက်အဦးတွေနှင့် မီတာအနည်းငယ်လေးသာ ဝေးတော့ကြောင်း သိရပါသည်။ တိုင်ပေမြို့ မီးသတ်ဌာန၏ ဒါရိုက်တာကတော့ (31)ဦး သေဆုံးသွားတာကို အတည်ပြုနိုင်ပြီဖြစ်သလို ကျန်ခရီးသည်များ၏ ကြမ္မာကတော့ မသေချာသေးဘူးလို့ ပြောကြားထားပါသည်။ လေယာဉ်ပဲ့ကိုင်သည့် လေယာဉ်မှူးများထဲမှ တစ်ဦးနှင့် နောက်ဆုံးရခဲ့တဲ့ ဆက်သွယ်ရေး အချက်အလက်အရ လေယာဉ်အင်ဂျင် မီးထလောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။

No comments:

Post a Comment