ကမ္ဘာ့ကုလသမဂ္ဂ၏
လေကြောင်းထိန်းသိမ်းရေး အေဂျင်စီကတော့ စီးပွားရေးအရပျံသန်းနေတဲ့
လေကြောင်းခရီးစဉ်တွေကို အရေးပေါ် အခြေအနေတွေမှာ ကူညီမှုပေးနိုင်မည့် စံပုံစံတစ်ခုကို
စတင်အဆိုပြုလိုက် ပါသည်။ နိုင်ငံတကာ လူမှုလေကြောင်းယာဉ်များအဖွဲ့ ICAO ၏ အဖွဲ့ဝင်နိုင်ငံ
(၁၉၁)နိုင်ငံက ၄င်းမူကို မြန်နိုင်သမျှမြန်အောင် ကျင့်သုံးဖို့ရှိသည်ဟု တာဝန်ရှိသူများက
ပြောကြားထားပါသည်။ မနေ့က မွန်ထရီရဲလ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့
အဖွဲ့ဝင်နိုင်ငံတွေဟာ ယခုစံပုံစံမူကို အထူးသဖြင့် ရေပြင်ကိုဖြတ်ပျံစဉ်မှာ အမြန်ဆုံး
ကျင့်သုံးသွားဖို့ရှိသည်ဟု ICAO အကြီးအကဲက ပြောကြားခဲ့ပါသည်။ သာမန်ပျံသန်းမှု ခရီးစဉ်များမှာတော့
ထိုမူကိုကျင့်သုံးတဲ့ လေကြောင်းလိုင်းဟာ သမုဒ္ဒရာရေပြင်ကျယ်ကို ဖြတ်ပျံရင်ဘဲဖြစ်ဖြစ်
ဝေးလံခေါင်သီတဲ့ရပ်ဝန်းကို ဖြတ်သန်းရင်ဘဲဖြစ်ဖြစ် (၁၅)မိနစ်တစ်ကြိမ် ၄င်း၏တည်နေရာကို
ဖမ်းယူထားမှာပါ။ ICAO အကြီးအကဲ၏ ပြောကြားချက်အရ အရေးပေါ်အခြေအနေနှင့် ကြုံရပြီဆိုရင်တော့
သက်ဆိုင်ရာ လေကြောင်းလိုင်းဟာ မိမိရောက်ရှိနေတဲ့ တည်နေရာကို တစ်မိနစ်တိုင်း တစ်မိနစ်တိုင်းမှာ
ပြန်ကြားသွားရမှာ ဖြစ်ပါသည်။ မလေးရှားလေကြောင်းလိုင်း MH-17 ပျောက်ဆုံးသွားပြီးနောက်ပိုင်းမှာ
ကျင့်သုံးခဲ့တဲ့ တုန့်ပြန်ဆောင်ရွက်မှုများထဲမှ တစ်ခုဖြစ်တဲ့ ထိုပုံစံကို ICAO အဖွဲ့ဝင်များကတော့ တစ်ခဲနက် သဘောတူကြသည်ဟု
ဆိုပါသည်။ လက်ရှိအထိတော့ အကြီးစား လေကြောင်းလိုင်းတွေ၏ ပျံသန်းမှုခရီးစဉ်တွေကို အပြည့်အဝ
ထောက်လှမ်းထားနိုင်ပေမယ့် ကမ္ဘာ့ရပ်ဝန်းအချို့မှာတော့ ထောက်လှမ်းမှုတွေ ကင်းလွတ်နေသေးသည်ဟု
သိရှိရပါသည်။
No comments:
Post a Comment