တရုတ်-မြန်မာကုန်သွယ်မှုမြင့်တက်လာခြင်းကြောင့်
ရန်ကုန်-ရှန်ဟိုင်းတိုက်ရိုက် ကွန်တင်နာ သင်္ဘောလိုင်းကို China
Shipping ကွန်တင်နာလိုင်းနှင့်
နိုင်ငံတကာသင်္ဘောလိုင်းတစ်ခုဖြစ်သည့် MCC Transport တို့ ပူးပေါင်းပြီး ဇန်နဝါရီလက စတင်ပြေးဆွဲမည်ဟု
သိရပါသည်။ အရင်က သွင်းကုန်-ပို့ကုန်များကို ပင်လယ်ရေကြောင်းဖြင့် သယ်ယူပို့ဆောင်ရာတွင်
တိုက်ရိုက်ပို့ဆောင်ခြင်းမဟုတ်ဘဲ တစ်ဆင့်ခံသာ သယ်ယူခဲ့ကြကြောင်း သိရပါသည်။ အခုပြေးဆွဲမည့်
ရန်ကုန်-ရှန်ဟိုင်းတိုက်ရိုက်ကွန်တိန်နာ သင်္ဘောလိုင်းကို ရှန်ဟိုင်းမြို့မှ စတင်ပြေးဆွဲမည်ဖြစ်ပြီး
ရန်ကုန်ဆိပ်ကမ်းသို့ ခရီးစဉ်ကြာမြင့်ချိန်မှာ အရင်က (၁၈)ရက်ရှိခဲ့သော်လည်း အခုတိုက်ရိုက်ခရီးစဉ်အခါမှာ
(၁၄)ရက်သာရှိမည်ဖြစ်ကာ တစ်ပတ်လျှင် သင်္ဘောတစ်စင်းနှုန်းဖြင့် တစ်လလျှင် (၄)စင်း ပြေးဆွဲသွားရန်ရှိသည်ဟု
သိရပါသည်။ ၎င်းခရီးစဉ်ကြောင့် နှစ်နိုင်ငံပို့ကုန်-သွင်းကုန်လုပ်ငန်းရှင်များအနေနှင့်
အချိန်နှင့်ကုန်ကျစရိတ်လျော့နည်းသွားမည်ဖြစ်ကာ ကုန်သွယ်မှု ပမာဏပိုမိုမြင့်တက်လာရန်
မျှော်မှန်းထားကြောင်း CSCL မှ တာဝန်ရှိသူတစ်ဦးက ပြောကြောင်း သိရပါသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်မှု ပမာဏမှာ ၂၀ဝ၉ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း
ပျှမ်းမျှ (၁၆)ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အခုနှစ်တွင် (၃၀)ရာခိုင်နှုန်း ပိုမိုမြင့်တက်မည်ဟု
ခန့်မှန်းထားကြောင်း သိရပါသည်။
No comments:
Post a Comment