၂၀၁၃-၂၀၁၄ခုနှစ်တွင် ဝယ်လိုအားမြင့်တက်နေမှုများကြောင့်
အသားထိုးကြက်တစ်ပိဿာကို နှစ်ထောင့်ရှစ်ရာမှ သုံးထောင်ကျပ်အထိ ဈေးကောင်းခဲ့ပြီး အခု
၂၀၁၅ခုနှစ်မှာ ကြက်မွေးမြူသူတွေ များပြားလာခဲ့ကြောင်း သိရပါသည်။ မနှစ်ကဈေးနှုန်းကောင်းခဲ့ခြင်းအပြင်
တရုတ်မှ တင်သွင်းလာသည့် ကြက်သားပေါက်များ၏ ဈေးချိုသာမှုများကြောင့်လည်း ဈေးကွက်အတွင်းမှာ
မွေးမြူသူတွေ မြင့်မား လာခြင်းဖြစ်သည်ဟု သိရပါသည်။ မွေးမြူသူတွေများလာသလို ထုတ်လုပ်မှုလည်း
အားကောင်း လာခြင်းကြောင့် ကြက်ခြံများမှ ရောင်းဈေးသည် တစ်ပိဿာကို နှစ်ထောင်အထိ ဈေးကျဆင်း
လျက်ရှိခြင်းကြောင့် မွေးမြူသူများအနေနှင့် အရှုံးပေါ်နေရသည်ဟု သိရပါသည်။ မွေးမြူသူများ
အရှုံးပေါ်နေ သော်လည်း စားသုံးသူပြည်သူများဘက်က ဈေးနှုန်းကျဆင်းခြင်း မရှိဘဲ တစ်ပိဿာလျှင်
ကျပ်ငါးထောင်၊ အသည်းအမြစ်တစ်ပိဿာကျပ်ခြောက်ထောင်၊ အရိုးတစ်ပိဿာ ကျပ်သုံးထောင်ဈေးနှုန်းနှင့်
သာဝယ်ယူ နေရဆဲဖြစ်ကြောင်း သိရပါသည်။ ၎င်းမွေးမြူသူများနှင့် ပြည်သူများအကြား တစ်ဆင့်ခံ
ရောင်းဝယ်သူများ၏ ဈေးကစားမှုများကြောင့် ဈေးကွက်ပျက်နေသည့်အခြေအနေသည်ဟု သုံးသပ် ထားကြကြောင်း
သိရပါသည်။ လက်တလောဒီအခြေအနေကို အသားထိုးကြက်ထုတ်လုပ် မွေးမြူ ရောင်းချသူများ အသင်းအနေနှင့်
ဈေးအရောက်ကိုယ်တိုင်ရောင်းချပြီး မွေးမြူသူများနှင့် စားသုံးသူများ အကြားမှာ တည်ငြိမ်သည့်
ဈေးတစ်ခုဖြစ်ရန် ပြုလုပ်ဖြေရှင်းပေးနေသည်ဟု ရပါသည်။
No comments:
Post a Comment